28 ( Final )

8.9K 469 84
                                    

Zawgyi ver

' တောင်းပန်​ပါတယ်​... '

* ဒိုင်း *

" Jungkook!!! "

Jungkook ကို အုပ်​မိုးကာ ဖက်​လိုက်​သော်​လည်း နာကျင်​မှုက Taehyung အပေါ် တစိုးတစိမျှသက်​ရောက်​ခြင်းမရှိ။

အော်​သံစူးစူးရှရှက Jack ဆီမှ ထွက်​ပေါ်လာခဲ့သည်​။

Taehyung မျက်​စိဖွင့်ကာ လှည့်​ကြည့်​လိုက်​တော့ နောက်​ကျောမှာသေနတ်​ဒဏ်​ရာနှင့်​ လဲနေသော Jack

Jake ကို အလန့်​တကြားမော့ကြည့်​လိုက်​တော့ သူ့ကို နွေးထွေးသည့်​ပုံစံဖြင့်​ပြုံးပြလေသည်​။

" ငါကဘာလို့မင်းကို သတ်​ရမှာလဲ Taehyungရာ ငါ့အပေါ်ကောင်းခဲ့တဲ့ တစ်​ဦးတည်းသောသူကို သတ်​ရလောက်​အောင်​ ငါကစဉ်းစားဉာဏ်​မရှိတဲ့သူမှမဟုတ်​ဘဲ .... "

ဒါပေမယ့်​ Jack ကို သတ်​လိုက်​တဲ့ အတွက်​ Jakeကအပြစ်​ဒဏ်​ခံရတော့မည်​လေ။သူဘယ်​လိုကူညီပေးရပါ့...

" ငါ့ဘာသာငါကြည့်​ရှင်းမယ်​ အပြင်​မှာ မင်းအစ်​ကိုရောက်​နေတယ်​ သွားတွေ့လိုက်​ဦး "

Jungkook သူသက်​သာပါတယ်​ဆိုတဲ့အနေနဲ့ ခေါင်းညိမ့်​ပြတော့ ခြံရှေ့ကိုအပြေးသွားမိလေသည်​။

" Hyung!! "

Namjoon hyung နဲ့ ဘေးချင်းယှဉ်​ရပ်​နေကာ ရဲတစ်​ယောက်​နဲ့ စကားပြောနေသည်​။
ရဲအချို့ကလည်း Jack ရဲ့ တပည့်​တွေကိုလည်း ဖမ်းဆီးကာ ရဲကားထဲသို့ အတင်းထိုးသိပ်​ထည့်​နေသည့်​ မြင်​ကွင်း။

" Yahh Kim Taehyung "

စကားပြောနေရာမှ သူ့ကိုတွေ့တော့ ထအော်​ကာ သူ့ဆီသို့တဟုန်​ထိုးပြေးလာသည်​။

" နောက်​ဆို တစ်​ယောက်​တည်းအိမ်​အောက်​တောင်​မဆင်းရဘူးမှတ်​ သောက်​ကလေး ငါ့မှာဘယ်​လောက်​စိတ်​ပူနေလဲသိလား!!

မင်းဟာလေ သူများကိုစိတ်​ပူအောင်​လုပ်​တဲ့နေရာမှာတော့ ထိပ်​ဆုံးပဲ အဲ့ဒါကြောင့်​မို့ မင်းကို
$&%#..... "

ဒီအသံတွေကိုမကြားရတာဘယ်​လောက်​ကြာပြီလဲ

Seokjin ကို ဖက်​လိုက်​ပြီး မျက်​စိမှိတ်​ကာ Hyung ရဲ့ ဆုံးမစကားတွေကို ပြုံးပြုံးကြီးနားထောင်​နေမိသည်​။

TRUST  ✔Where stories live. Discover now