11

5.5K 509 30
                                    

Zawgyi ver

သူတို့ချစ်သူတရားဝင်ဖြစ်တဲ့ ပထမဆုံးနေ့ဆိုတော့ တစ်အိပ်ရာတည်းမှာ အိပ်ရမှာကိုပင်Taehyung စိတ်လှုပ်ရှားမိသည်။

Taehyung Jungkook ဘက်ကိုသာ ကျောပေးနေမိပါသည်။ညနေက ပျော်ပျော်နဲ့ဖွင့်ပြောမိတဲ့ကိုယ့်ပါးစပ်ကိုသာ လှီးထုတ်ပစ်လို့ရရင်ကောင်းမည် ဟုတွေးနေမိသည်။

သို့သော်လည်း Jungkookက သူ့ကိုချစ်ကြောင်းပြောတော့လည်း ဖွင့်ပြောလိုက်တဲ့နှုတ်ခမ်းလေးကိုကျေးဇူးတင်ရပြန်ရော။

Jungkook ပေးတဲ့couple braceletလေးကိုကြည့်ပြီး ကြည်နူးနေမိသည်။

Jungkook ပက်လက်လန်လှဲနေရာကနေ Taehyung သူ့ကိုကျောပေးထားသည်ကို မကျေမနပ်ဖြင့် ခေါင်းစောင်းကြည့်လိုက်သည်။

အစတုန်းက သူပဲဖွင့်ပြောပြီးတော့ အခုကျအရှက်သည်းနေသည်လေ။ရှက်နေတဲ့ပုံလေးကိုသဘောကျသော်လည်း အခုပုံစံက သူ့ကိုလျစ်လျူရှုထားသလိုပင်။

Jungkook Taehyungအိပ်နေပြီလားဟု ခေါင်းထောင်ကြည့်လိုက်သည်။အိပ်မအိပ်တော့မသေချာပေမယ့် တုတ်တုတ်မှလည်းမလှုပ် အသံလညိးမထွက်ပေ။

Jungkook ဘာပဲဖြစ်ဖြစ်ဆိုပြီး Taehyungဘက်ကိုလှည့်ကာ မြင်နေရတဲ့နောက်ကျောသေးသေးလေးကို ရင်ခွင်ထဲသိမ်းကျုံးဖက်လိုက်တော့ ကိုယ်လေးကတုန်ခနဲဖြစ်သွားသည်။

Jungkook သဘောကျစွာပြုံးလိုက်ပြီး ဆံပင်လေးတွေကိုငုံ့နမ်းလိုက်သည်။

"Vanilla နံ့လေးမွှေးလိုက်တာ ကိုယ့်အတွက်မင်းကိုယ်သင်းနံ့ကအမွှေးဆုံးပဲ။မင်းကိုယ်သင်းနံ့ကို ဖုံးထားတဲ့ ရေမွှေးတွေမသုံးနဲ့နော်"

Taehyung Jungkookပြောလိုက်တဲ့ အနုအရွစကားများကြောင့် ကြက်သီးများပင် တဖြန်းဖြန်းထလာသည်။

ဒီလူကြီး ဒီလောက်ရိုမှန်း သူမသိခဲ့ဘူးလေ။

ရုတ်တရက်Taehyung ကျောဘက်မှ Jungkook ခွာသွားသည်ကိုခံစားလိုက်ရသည်။ပြီးတော့ သူ့ကိုJungkookက မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်လိုက်သည်။

Jungkook Taehyung၏ နီရဲသောမျက်နှာလေးကိုငုံ့ကြည့်နေလိုက်သည်။သူ့ကိုကြည့်မနေသောမျက်လုံးလေးများကိုလည်း လိုက်ဖမ်းနေမိသေးသည်။

TRUST  ✔Where stories live. Discover now