Zawgyi ver
Jungkook Alarmသံကြားလို့ နိုးလာတော့ 7:00
လက်မောင်းထက်မှနူးညံ့အိစက်တဲ့အထိအတွေ့ကြောင့်ငုံ့ကြည့်မိတော့ ပါးစပ်လေးဟကာ အိပ်ပျော်နေတဲ့Tae
တစိမ့်စိမ့်စိုက်ကြည့်နေရင်း သူ့ရင်ခွင်ထဲပိုတိုးကာ အိပ်နေပြန်တော့ ရင်ခုန်သံတွေလည်း စည်းချက်မမှန်တော့ပေ
မနှိုးလို့မဖြစ်တော့ ကျောင်းသွားရဦးမည်လေ။လမ်းကျမှဘာဖြစ်ခဲ့သလဲ ချော့မေးရပါဦးမည်။
အိပ်နေတဲ့ပုံလေးက စောင်ပုံထဲမှာလုံးထွေးနေတဲ့မွေးကင်းစကလေးငယ်လို ပွေ့ပိုက်ချင်စရာ
" ဒေါက် ဒေါက် "
Taehyung ကိုငေးကြည့်နေရင်း အတွေးနယ်ချဲ့မိနေတဲ့အချိန် ထွက်ပေါ်လာသော တံခါးခေါက်သံ
လက်ကိုင်ကကိုင်ပြီးလှည့်နေတာကိုလည်း မျက်စိရှေ့တွင်တွေ့နေရသည်။ မနေ့ကသတိတရ Lockချမိလိုက်တဲ့ ကိုယ့်ကိုကိုယ် ချီးမွန်းရပြန်သည်။
Taeကို အသာလေးလှုပ်နှိုးလိုက်တော့ အီးအဲ အသံလေးထွက်ကာ လှုပ်စိလှုပ်စိနဲ့ နိုးလာပါရဲ့
ပြူးကြောင်ကြောင်လေးနဲ့ ရင်ခွင်ထဲကမော့ကြည့်နေပြန်တော့ မြတ်နိုးစိတ်က တသိမ့်သိမ့်ပို၍တိုးလာရပြန်သည်။
မနက်ခင်းတိုင်းကို ချစ်ရသူနဲ့အတူ နိုးထရရင် ဘယ်လောက်ကောင်းလိုက်မလဲ။
" သား……Taehyung ထတော့လေ ကျောင်းမသွားဘူးလား "
Tae အမေအသံကြားတော့ Tae မျက်လုံးများက ပြူးကျယ်ဝိုင်းစက်လာသည်။ အဟက်……ဇီးကွက်ပိစိလေး ချစ်စရာကောင်းလိုက်တာ
" Nae omma ထပြီ ထပြီ "
Taehyung လက်ထောက်ပြီးထဖို့ပြင်လေတော့ အတင်းကို လက်ကိုပြန်ဆွဲပြီး ရင်ခွင်ထဲ ခွေခေါက်ထည့်နေတဲ့ Jungkook
Taehyung အသံတိုးတိုးဖြင့်
" Jungkook……ဘယ်လိုဖြစ်နေတာလဲ ကျွန်တော်ဆင်းမလာရင် omma သော့ဖွင့်ပြီး ဝင်လာတော့မှာ လွှတ်ဗျာ "
Jungkook ကတော့ Taehyung ပြောနေတဲ့စကားကိုမကြားသလို Taehyung ကို ဖက်ပြီး ပြန်အိပ်ဖို့ ပြင်နေလေရဲ့
YOU ARE READING
TRUST ✔
Storie d'amoreလောကဓံရဲ့အလှည့်အပြောင်းတွေထဲ ကိုယ့်လက်ကိုတွဲထားပါ။ပန်းခင်းလမ်းကိုခေါ်သွားပေးမယ်ဆိုတာ ယုံ..... -Taekook Published : August 2018 Completed : April 2019 Cover made by Yeontannie_omma 💙