Zawgyi ver
Taehyung ကိုဆွဲခေါ်လာတဲ့ Jungkookအောက်ထပ်ကိုရောက်သွားချိန်မှာတော့
မိသားစုစုံစုံလင်လင်နဲ့ ထမင်းစားပွဲကြီးက သူတို့ကိုစာင့်ကြိုနေလေရဲ့
သူတို့နှစ်ယောက်ကိုတွဲမြင်လိုက်ရတော့ အံ့သြသွားတဲ့ Seokjin
Tae ရဲ့ Appa နဲ့ Omma ကတော့ လန့်သွားရုံကလွဲပြီး ထူးထူးခြားခြားမျက်နှာအမူအရာမပျက်ကြ
Appa က ဧည့်ခန်းဆီ ထထွက်သွားတော့သူတို့လည်းနောက်ကလိုက်ခဲ့ရသည်။
" ထိုင်ဦး သားတို့ "
တိတ်ဆိတ်နေတဲ့ အိမ်ထဲမှာထွက်ပေါ်လာတဲ့ Tae's appa ရဲ့ အသံက
ဖွင့်ပြောမဲ့သူတို့ကိုတောင် ဆွံ့အစေခဲ့သည်။
Jungkookတို့ဝင်ထိုင်လိုက်ပြီး စကားပြောဖို့အရှိန်ယူလိုက်တော့ Mr.Kim က လက်ကာပြလိုက်သည်။
" သားတို့တွဲနေပြီဆိုတဲ့ အကြောင်းပြောမှာမလား "
သူတို့မအံ့သြဘူးဆိုလျှင် လိမ်ရာကျမည်။
" Appa သိနေခဲ့တာလား Ommaရော "
Appa ရော Omma ရောပြုံးနေကြပြီး အဲ့အပြုံးများထဲမှာ နားလည်မှုတွေ မြတ်နိုးမှုတွေ ရောယှက်နေတာ သူတို့ပဲမြင်ရပါသည်။
" Taehyung အဖေတစ်ယောက်က ကိုယ့်သားကို လက်လွတ်စပယ်ပစ်ထားစရာလား။သားဘာပဲလုပ်လုပ်အဖေသိနေသလို သားအမေလည်းသိတယ်။
မိဘက သားသမီးကို နောက်ကွယ်မှာဘာလုပ်နေတယ်ဆိုတာ မသိရလောက်အောင် အဖေတို့ မညံ့သေးပါဘူးကွာ
သား Jungkookကို အိမ်ထဲခေါ်လာတာလည်းအဖေသိတယ် ခြံဝမှာCCTV ရှိတာမေ့များမေ့နေလား သားရယ်
အခုခေတ်ကလေးတွေ မနိုင်ဘူး သဘောမတူဘူးလည်းမပြောပဲနဲ့ မစောင့်နိုင်ကြဘူး။မိန်းမရေ……မင်း သားကမင်းနဲ့တူတာနေမှာ "
Ommaက မျက်စောင်းတထိုးထိုးနဲ့ Appaလက်မောင်းကိုလိမ်ဆွဲနေသည်။
" ဒါပေမယ့် မင်းတို့နှစ်ယောက် စာမေးပွဲပြီးမှတွေ့လို့ရမယ် ပညာရေးကိုတော့အနှောင့်အယှက်မဖြစ်စေချင်ဘူး
YOU ARE READING
TRUST ✔
Romanceလောကဓံရဲ့အလှည့်အပြောင်းတွေထဲ ကိုယ့်လက်ကိုတွဲထားပါ။ပန်းခင်းလမ်းကိုခေါ်သွားပေးမယ်ဆိုတာ ယုံ..... -Taekook Published : August 2018 Completed : April 2019 Cover made by Yeontannie_omma 💙