13

5.2K 485 31
                                    

Zawgyi ver

သူတို့ Hotel ပြန်ရောက်တော့ Jungkook က Taehyung ကို hotelက ရေကူးကန်ဆီခေါ်သွားသည်။

ညနေစောင်းလို့ မှောင်ရီပျိုးနေတဲ့အချိန်ဆိုတော့ ရေကူးကန်မှာရေကစားနေတဲ့လူတွေ ရေကူးနေတဲ့လူတွေလည်း မရှိတော့ဘူး

ချစ်သူနဲ့ နှစ်ယောက်အတူရှိနေတော့ ရေကူးကန်ကြီးတောင် ပြာလဲ့လဲ့မီးရောင်အောက်လှပနေသလိုလို

Jungkook  အင်္ကျီချွတ်ပြီး ရေကူးကန်ထဲမှာ အခေါက်အခေါက်အခါအခါ ရေကူးနေသည်။

Taehyung ကတော့ ရေကူးကန်ဘောင်ပေါ်မှာ ထိုင်နေပြီးရေထဲသို့ခြေထောက်ချထားသည်။

Taehyung ခြေထောက်နဲ့ ရေတွေကို ဖွားကနဲ ဖွားကနဲ ဖြစ်အောင် ကန်ထုတ်လိုက်ကာ ဆော့နေသည်။

Jungkook ၏ ငါးတစ်ကောင်လို ကျွမ်းကျင်စွာကူးခတ်နေပုံကိုလည်းကြည့်နေမိသည်။

အုန်းပင်အသေးစားလေးတွေ ဝန်းရံထားသော ဒီရေကူးကန်လေးက ကမ်းခြေရောက်သလို ခံစားချက်ကိုလည်းပေးစွမ်းနိုင်သည်။

Taehyung  Jungkook ရဲ့ shirt အဖြူကို ဝတ်ထားသောကြောင့် သူနဲ့ပွနေပြီး ထိုင်နေပုံမှာ အဝတ်ထုတ်ကလေးချထားသလို ပုံ့ပုံ့လေးဖြစ်နေသည်။

လက်ကလည်း Taehyung အတွက် ရှည်လွန်းသောကြောင့် လက်ထိပ်ကလေးတွေကို မြင်ရသည်။

Jungkook ရဲ့ shirt ကို သူအရမ်းကြိုက်သည်။

Jungkook ကိုယ်သင်းနံ့လည်း မွှေးနေသလို ချောင်ချောင်ချိချိလည်း ရှိတယ်လေ

Jungkook ရေငုပ်လိုက်ကာ Taehyungရှိရာ ကန်ဘောင်ဆီသို့ Taehyung သတိမထားမိအောင် ဖြည်းဖြည်းချင်းကူးသွားလိုက်သည်။

Taehyung ကလည်း ရေဆော့တာရပ်ပြီး Jungkook ကိုမတွေ့သောကြောင့် ဟိုဘက်ဒီဘက် လိုက်ကြည့်နေမိသည်။

ရေအောက်မှ သူ့ဘက်ကိုလာနေသော Jungkook ကိုလည်းသတိမထားမိ။

Jungkook က Taehyung ရှေ့မှာ ဘွားခနဲထွက်လာတော့ Taehyung လန့်ပြီး နောက်သို့လန်ကျမလို ဖြစ်သွားသည်။

Jungkook အထိတ်အထိတ်အလန့်လန့်နဲ့ Taehyung ခါးကိုကိုင်ကာ ထိန်းပေးလိုက်သည်။

TRUST  ✔Where stories live. Discover now