Zawgyi ver
Tae ကိုယ်လေးကို တစ်နာရီလောက်ကြာအောင် ပေါင်ပေါ်မှာပွေ့တင်ထားတော့ ပေါင်မှကြွက်သားတို့က ညောင်းချိစပြုလာပြီ။
Tae လည်ပင်းနား တိုးဝှေ့ကာ Tae ကိုအငိုတိတ်အောင် ချော့မြှူရင်း သူကပါ မှေးခနဲ အိပ်ပျော်သွားမိသည်။
သာယာသော အသံတစ်ခုကြားလိုက်၍ ပြန်နိုးလာရသည်။
ကလေးဆိုးက သူ့နှာခေါင်းကို တို့ထိကာဆော့နေ
ဲပြီး သဘောကျဟန်ဖြင့် ရယ်မောနေလေသည်။ဒီလိုမျိုးပြုံးရယ်နေတော့လည်း စိတ်ချမ်းသာရပါသည်။
" ကလေး ဘယ်သွားကြမလဲ Ilsan က Lake Parkကို သွားချင်လား "
" Ilsan?? တစ်ခါမှမရောက်ဖူးဘူး သွားချင်တယ် Jungkookie "
Jungkookie လို့ ခေါ်တဲ့ အသံလေးနောက်မှာ အားလုံးကိုလိုက်လျောဖို့ အဆင်သင့်
Taeကတော့ တလှုပ်လှုပ်နဲ့ Lover seat ဘက်
ပြောင်းထိုင်သည်။သူ့ပေါင်တွေတောင့်တင်းမှုမရှိပါလျှင် Taeကို တစ်နေ့လုံးပေါင်ပေါ်မှာ ပွေ့တင်ထားမိမလားမသိ။
Ilsanဘက်ကိုဦးတည်ရင်း ဘေးနားက Tae ကို တစ်ချက်တစ်ချက် လှည့်ကြည့်နေမိသည်။
Tae က သူ့Appaဆီကို အိမ်ပြန်နောက်ကျမယ့်အကြောင်း ဖုန်းဆက်နေသည်။
SeoulကနေIlsanကို ၃နာရီကျော်ကျော် ကားမောင်းရသည်။
ဗိုက်ဆာမှာကတော့ စိတ်ပူစရာမလို။ ကားနောက်ခန်းထဲမှာ ပါးစပ်နဲ့အစားမပြတ်သူလေးအတွက် မုန့်ရော Colaရော ရေပါအသင့်။
အခုက 1:00 PM ဆိုတော့ Ilsanရောက်ရင် 4:00 PM လောက်ဖြစ်သွားမယ်
Lake Park သွားရဦးမယ်ဆိုတော့ ရေချိုးဖို့နဲ့
ကလေးကပင်ပန်းရင်အနားယူဖို့ Hotelတစ်ခန်းလောက်ကတော့ ငှားရလိမ့်မယ်
အချိန်ကိုဘယ်လိုပဲတွက်တွက် ညဘက်9:00 PMလောက်မှ အိမ်ပြန်ရောက်ဖြစ်လိမ့်မည်။
" Jungkook... Appaက ညဘက်ကားမမောင်းနဲ့တဲ့ အန္တရာယ်ဖြစ်မှာစိုးလို့ စိတ်မချဘူးတဲ့ မနက်ဖြန်မြှပန်လာခဲ့တဲ့ "
" Tae က အိမ်ပြန်ချင်လို့လား မနက်ဖြန်မြှပန်ချင်တာလား "
" ကလေး "
YOU ARE READING
TRUST ✔
Romanceလောကဓံရဲ့အလှည့်အပြောင်းတွေထဲ ကိုယ့်လက်ကိုတွဲထားပါ။ပန်းခင်းလမ်းကိုခေါ်သွားပေးမယ်ဆိုတာ ယုံ..... -Taekook Published : August 2018 Completed : April 2019 Cover made by Yeontannie_omma 💙