Zawgyi ver
Taehyung အိပ်မက်ထဲတွင် Jungkook နှင့် ကလူကျီစယ်နေတုန်း အသံစူးစူးနှင့် အိပ်မက်ကို တစ်စစီ ဖြိုခွဲသွားသည်က............နှိုးစက်သံ
နှိုးစက်က မြည်တာဘယ်နှစ်ခါရှိနေပြီလဲမသိ။၁၀မိနစ်ခြားတစ်ခါပေးထား၍သာ တော်ရော့သည်။
Taehyung ကျောင်းနောက်ကျမည်စိုး၍ ကမန်းကတန်းထကာ ရေချိုးခန်းထဲဝင်ပြေး၍ ရေချိုးရသည်။
အမှန်တော့ ကျောင်းနောက်ကျမှာကိုစိုးရိမ်တာ မဟုတ်ဘဲ သူ့ချစ်ချစ် စောင့်ရမည်ကို စိုး၍သာ။
Taehyung vanilla lotion လိမ်းပြီး ကျောင်းဝတ်စုံလဲကာ အောက်ထပ်သို့ တဒုန်းဒုန်းတဒိုင်းဒိုင်းဆင်းလာသည်။
Appa နဲ့ Omma ကတော့ ခေါင်းခါနေရုံကလွဲပြီး ဘာမှမပြောကြ။
Hyung ကတော့ နင်နေသည့်မုန့်ကို coffeeနဲ့ အတင်းမျှောချကာ ပြောဖို့ပြင်နေသည့်ပုံ။
သူလည်း coffeeမော့သောက်လိုက်ပြီး ပန်းကန်ထဲမှ Sandwich နှစ်ခု ယူကာ hyung၏ စစ်ဆေးမေးမြန်းချက်တွေမလာခင် Jungkook စောင့်နေသောနေရာသို့ အပြေးသွားတော့သည်။
ထင်တဲ့အတိုင်းပင် Jungkook က သူ့ထက်အရင်စောရောက်နေသည်။
ကျောင်းတက်ဖို့က လိုသေးသော်လည်း ကားပေါ်တွင် ချိုမြိန်သော ချစ်စကားတို့ပြောရဦးမည်လေ။
အမြန်ပြေးလာခဲ့တော့ လွယ်အိတ်ထဲမှာ စာအုပ်တွေအစုံရှိသလားစစ်ရသေးသည်။
စာအုပ်တွေလည်း စုံတယ်
စာရေးကိရိယာတွေလည်း ပါတယ်
ဖုန်းလည်းပါတယ်......okayTaehyung မောတော့ Jungkook ဝယ်ပေးထားတဲ့ chocolate milkshake က ပိုက်တပ်ပြီးသား အဆင်သင့်
Sandwich နဲ့ဆိုတော့ အဆင်ပြေသွားတာပေါ့
Jungkook သူ့ဘေးနားက အစားသောင်းကျန်းနေတဲ့ ကောင်လေး ကို စတီယာရင်တိုင်ပေါ် လက်ထောက် ဘေးစောင်ခေါင်းတင်ကာ အမြတ်တနိုး ကြည့်နေမိသည်။
Sandwich စားလိုက် milkshakeသောက်လိုက်နဲ့ တစ်လှည့်စီ အဆက်မပြတ်လုပ်နေသော Taehyung
နှုတ်ခမ်းတစ်ဝှိုက်မှာလည်း ဆော့စ်တွေနဲ့ ပေပွလို့
အင်း......ဒီလိုပေပွနေတာတောင် ချစ်ဖို့ကောင်းနေတုန်းပဲ
YOU ARE READING
TRUST ✔
Romanceလောကဓံရဲ့အလှည့်အပြောင်းတွေထဲ ကိုယ့်လက်ကိုတွဲထားပါ။ပန်းခင်းလမ်းကိုခေါ်သွားပေးမယ်ဆိုတာ ယုံ..... -Taekook Published : August 2018 Completed : April 2019 Cover made by Yeontannie_omma 💙