Zawgyi ver
Jungkook သူ့ကိုအိမ်ရှေ့အထိလိုက်ပို့ပြီးသည်နှင့်ချက်ချင်းလှည့်ထွက်သွားသောကြောင့် Taehyungအိမ်ထဲသို့မဝင်သေးဘဲ Jungkookကိုအကွယ်တစ်ခုမှလှမ်းကြည့်နေမိသည်။
Taehyung Jungkook ကျောပြင်ကိုတမေ့တမောငေးကြည့်နေမိသည်မှာမြင်ကွင်းထဲမှာပျောက်သွားသည့်အချိန်အထိဖြစ်သည်။
ချစ်မိတော့လည်း Jungkook ၏ကျောပြင်ကအစနောက်မှဖက်တွယ်ထားလိုက်ချင်သည်။ရင်ခွင်နွေးနွေးကိုတော့ဘယ်မှီပါ့မလဲလေ။တစ်နေ့တော့ Jungkook ၏ရင်ခွင်နွေးနွေးတွင်မှေးစက်ခွင့်ရအောင်သူကြိုးစားရမည်။
အပြင်မှာလည်းအေးစိမ့်လာသည့်အတွက် ခြံတံခါးဖွင့်ပေးရန် bellတီးလိုက်သည်။ပြန်ဖြေသူကအမေလည်းမဟုတ် အဖေလည်းမဟုတ် သူ့ကိုဆူရန်ဇွဲကြီးစွာစောင့်နေသောhyung ဖြစ်နေသည်။Taehying စိတ်လေခြင်းပေါင်းများစွာနှင့်အထဲလည်းအဝင်မခံပဲ hyung ၏နားဝင်ချိုလှသောပွစိပွစိဒဏ်ကိုခံနေရသည်။
"Yahh......Kim Taehyung မင်းကငါ့စကားကိုနားမထောင်ဘူးပေါ့ ဟုတ်လား ဘယ်တွေကိုသဝေထိုးနေတာလဲ......ဟမ် ခေါက်ဆွဲသွားစားတာခေါက်ဆွဲလုပ်နေတာထက်တောင်ကြာသေးတယ်။တော်သေးတာပေါ့ ခေါက်ဆွဲပုံစံကြီးနဲ့အိမ်ပြန်မလာလို့ ခေါက်ဆွဲများဖြစ်နေသလားထင်ရတယ်
ဟေ့ကောင်.........မင်းကနှာခေါင်းရှုံ့နှုတ်ခမ်းထော်နေရအောင် ငါပြောတာမှားလို့လား... မင်းပျောက်သွားပြီလားလို့ငါတို့မှာစိတ်ပူနေရတာ"
Taehyung ခြံရှေ့မှာထိုင်သာငိုချင်တော့တယ်။ခေါက်ဆွဲပြုတ်ကခေါင်းထဲရောက်လာသည်နှင့် ချစ်ရသူကိုပေးလိုက်ရတဲ့First kiss နဲ့ Second kissကအဆစ်ပါလာသည်။အခုပြန်တွေးရင်အခုရင်ခုန်သည်။သူ့ဘက်ကလည်းစနမ်းသေးတယ် အေးစက်စက်ပုံကြီးနဲ့ရှက်နေတဲ့ Jungkook
'ဘာလို့များ မသိချင်ယောင်ဆောင်နေရတာလဲ။အား......ချစ်လိုက်တာ ခင်ဗျားရယ်။ကျွန်တော်တော
င်အသည်းယားလာပြီ ......ဟိဟိ'ကိုယ့်ကလေးရုပ်မှအားမနာ manly ဆန်တဲ့CEOကိုအသည်းယားနေတဲ့Taehyungရယ်ပါ။
'ဟာ.........Kissဆိုမှသတိရတယ် Jungkookကိုတစ်နေ့နှစ်ခါနမ်းမယ့်ကိစ္စသတိမပေးလိုက်ရဘူး။တော်ကြာမေ့သွားရင်ဒုက္ခပဲ
YOU ARE READING
TRUST ✔
Romanceလောကဓံရဲ့အလှည့်အပြောင်းတွေထဲ ကိုယ့်လက်ကိုတွဲထားပါ။ပန်းခင်းလမ်းကိုခေါ်သွားပေးမယ်ဆိုတာ ယုံ..... -Taekook Published : August 2018 Completed : April 2019 Cover made by Yeontannie_omma 💙