Zawgyi ver
Taehyung ကို လူတစ်ယောက်ကားထဲဆွဲခေါ်သွားတာကို Seokjin မြင်ရဲ့သားနဲ့ မကူညီပေးနိုင်လိုက်တဲ့ သူ့အဖြစ်
ဘယ်မှာသွားရှာရမည်နည်း။
Seoulမြို့ထဲမှာလည်းရှိချင်ရှိနိုင်သည်။ချောင်ကျပြီးမကောင်းတဲ့နေရာတွေမှာရော......
ကောက်ရိုးပုံထဲတွင်ပျောက်သွားသောအပ်ကလေးတစ်ချောင်းရှာရတာပင် လွယ်ရင်လွယ်ဦးမည်။
သဲလွန်စလေးများကျန်ခဲ့လေမလား။
မျှော်လင့်ချက်လေးဖြင့် ခြံရှေ့ပြေးသွားတာတောင် ယိုင်လဲမတတ်ဖြစ်နေသည့် သူ့ခြေထောက်များကိုအနိုင်နိုင်ထိန်းရသည်။
တစ်ခဏအတွင်းမှာပင် ရှုပ်ထွေးသွားသော
အခြေအနေများကြောင့် Ommaမှာ နေရာမှာပင် ကြက်သေသေကာ မက်တပ်ရပ်နေဆဲ။မာကျောသွားအရာတစ်ခုခုနှင့်ရိုက်မိပြီး ကွဲအက်နေသော ဖုန်းလေးတစ်လုံး။
ဖုန်းပါသွားရင်တောင်GPS Systemဖြင့် Taeနောက်ကိုလိုက်သွားနိုင်သေးသည်။
အခုတော့........
" သား ခဏထိုင်လိုက် စိတ်အေးအေးထား သားညီလေးအဆင်ပြေမှာပါ Appaတို့လည်းလူအင်အားနဲ့လိုက်ရှာမယ် "
Appa မျက်လုံးမှာလည်း မျက်ရည်စတွေနဲ့။
မိသားစုအတွက်စိတ်ကိုတင်းထားမှန်း Seokjin သိတာပေါ့။
သားကြီးတစ်ယောက်အနေနဲ့ ဒီလိုပျော့ညံ့နေလို့မရမှန်းလည်းသိသည်။
Seokjin ရဲ့ အားကိုးရာက Namjoonပဲရှိသည်။
လေလှိုင်းထဲကဖြတ်လာတဲ့ Namjoon အသံအေးအေးက Seokjinကို စိတ်တည်ငြိမ်စေသည်။
" ပြောလေ Jinnie ဘာဖြစ်လို့လဲ ကိစ္စတစ်ခုခုရှိလို့လား "
Namjoonဖုန်းစကိုင်တာနဲ့ အဆက်မပြတ် ခရားရေလွှတ်ပြောတတ်တဲ့ Seokjin က ငြိမ်နေတော့ Namjoonလည်းရိပ်မိကောင်းပါရဲ့။
" အိမ်ကိုလာခဲ့ပါလား Jungkook ကိုပါ ခေါ်လာခဲ့
Taehyungieကို ဖမ်းသွားကြလို့ အဲ့...အဲ့ဒါလေ...ငါ...ငါ ဘယ်လိုလုပ်ရမလဲ Joon...."
YOU ARE READING
TRUST ✔
Romanceလောကဓံရဲ့အလှည့်အပြောင်းတွေထဲ ကိုယ့်လက်ကိုတွဲထားပါ။ပန်းခင်းလမ်းကိုခေါ်သွားပေးမယ်ဆိုတာ ယုံ..... -Taekook Published : August 2018 Completed : April 2019 Cover made by Yeontannie_omma 💙