14

5.1K 450 65
                                    

Zawgyi ver

Taehyug နဲ့ Jungkook ဘန်ဂလိုမှာ အနားယူလိုက်ကာ တစ်ရေးအိပ်လိုက်တယ်။

နေ့လည်စာစားပြီးတော့ အထုတ်အပိုးတွေသိမ်းကာ ၄ နာရီလောက်မှာ လေဆိပ်ကို သွားကြသည်။

Taehyung ကတော့ ပလတ်စတစ်အိတ်စွပ်ထားတဲ့ ဝက်ဝံရုပ်ကြီး နဲ့ အရုပ်ပန်းစည်းလေးကို ကိုင်ထားပြီး ကျောပိုးအိတ်လွယ်ထားသည်။

Jungkook က 4 wheels luggage နှစ်လုံးကိုသာ ဆွဲလာသည်။

Seoul ကို ပြန်ရမည့် လေယာဉ်ပေါ်ကို တက်လိုက်ပြီး Taehyung က ခုံမှာထိုင်နေပြီး Jungkook ကတော့ ပစ္စည်းတွေ နေရာချနေသည်။

နေရာချပြီးတော့ Taehyung နား Jungkook ဝင်ထိုင်လိုက်သည်နှင့်

Taehyung က Jungkook ညာဘက်လက် မှ လက်ချောင်းရှည်ရှည်များကို ကိုင်တွယ်ဆော့ကစားနေသည်။

လက်ချောင်းချင်းတွယ်ယှက်ကာ ကိုင်ထားမိသည်။

Taehyung ဘယ်ဘက်လက်မှ အပြာရောင် bracelet ကြိုးလေးကို Jungkook အသာထိတွေ့လိုက်သည်။

Taehyung ကလည်း ဘာလဲ ဆိုသည့် သဘောနှင့် မော့ကြည့်လိုက်ရာ

Jungkook Taehyung နှာခေါင်းထိပ်လေးကိုနမ်းလိုက်ကာ ခေါင်းပေါ် ပါးအပ်ပြီး ဖက်ထားလိုက်သည်။

ဘာမှလည်းစားချင်စိတ်မရှိတော့။ Seoul ကို ပြန်ရောက်ရင် တွေ့ချိန်မရှိဘူးဆိုတဲ့ အသိစိတ်ကသာ ကြီးစိုးနေသည်။

Taehyung ကို ဘာစားမလဲမေးတော့လည်း အိမ်ပြန်ရောက်မှစားမယ် ဟုသာ ဖြေသည်။

ဘာအကြောင်းအရာမှမပြောမိကြ။ တစ်ယောက်နှင့် တစ်ယောက်သာ အတူရှိရင် အဆင်ပြေသည်မို့။

Jungkook ကို ခဏဖယ်ခိုင်းလိုက်ကာ Taehyung အင်္ကျီအတွင်းအိတ်ထဲမှ phone နဲ့ earphone ကို ထုတ်လိုက်ကာ Favourite songs ထဲမှ သီချင်းတစ်ပုဒ်ရွေးလိုက်သည်။

ပထမတစ်ပုဒ်ကို Cold water by Major Lazer (Ft.Justin Bieber and MØ) ကို repeat လုပ်ပြီး Jungkook ကို ဘယ်ဘက် နားကြပ်တစ်ဖက် ပေးလိုက်သည်။

သီချင်းလေးကမြူးမြူးလေးဖြစ်သည်။အဓိပ္ပါယ်များစွာ ပါရှိသော သီချင်းလည်းဖြစ်သည်။

ကိုယ် ချစ်ခင်ရတဲ့လူတစ်ယောက် အေးစက်နေတဲ့ ရေထဲမှာ နစ်မြှုပ်နေရင် ကယ်မယ်လို့ကတိမပေးနိုင်ပေမယ့် သူ့အတွက် ကိုယ်ပါ အတူနစ်မြှုပ်ပေးနိုင်တယ်

TRUST  ✔Where stories live. Discover now