9

5.9K 533 23
                                    

Zawgyi ver

Taehyung အိမ်ကို ၄နာရီခွဲလောက်မြှပန်ရောက်သည်။ကျောင်းဆင်းချိန်က ၃နာရီဖြစ်သော်လည်း Jungkook က ဖွင့်ပြောကာအနမ်းများပေးနေသောကြောင့်ကြာသွားသည်လေ။

ပြီးတော့ Jungkookကသူ့ကိုအိမ်ပြန်မပို့ပေးပဲနဲ့ မုန့်လိုက်ကျွေးသေးသည်။Jungkook က Taehyungမုန့်စားတာကိုစိုက်ကြည့်နေတော့ Taehyungမနေတတ်ပြန်။

Taehyungလောက်ကံကောင်းမည့်သူရှိမှာမဟုတ်ပါ။Jungkookအနားတွင်တွယ်ကပ်နေဖို့စဉ်းစားသော်လည်း တွယ်ကပ်စရာမလိုတော့အောင် သူ့ကိုကံကြမ္မာကအခွင့်အရေးပေးလာလေပြီ။

မုန့်စားပြီးတော့Jungkookက သူ့အတိတ်အကြောင်းများပြောပြသည်။အချစ်ဦးအကြောင်းလည်းပြောပြသည်။Jungkook သူ့အချစ်ဦးပေါ်ထားသောစိတ်သည် သံယောဇဉ်သာဖြစ်သည်ကိုTaehyungနားလည်ပါသည်။။

ဘယ်လောက်ပဲသံယောဇဉ်ဟုဆိုသော်လည်း အချစ်ဦးဆိုသောကြောင့် တော်ရုံနဲ့တော့မေ့ဖို့မလွယ်ပါ။Jungkook လိုဖခင်အရင်းကပင်လျစ်လျူရှုထားသောသူအဖို့ တစ်ယောက်တည်းရှိသော အချစ်ဦးသူငယ်ချင်းကပင်မှီတွယ်စရာတစ်ခုဖြစ်ခဲ့လိမ့်မည်။

သူ့ဘက်ကတော့Jungkook ပြောင်းလဲလာအောင်အတတ်နိုင်ဆုံးကြိုးစားမယ်။မနက်ဖြန်ကျောင်း 4 ရက်ဆက်ပိတ်သည့်အတွက် Jungkookက Jejuကိုခေါ်သွားမည်ပြောသည်။

တစ်ရက် နှစ်ရက်နဲ့သိပြီး ချက်ချင်းအဖြေပေးသည်ဆိုတော့ လူတကာကလွယ်လိုက်တာလို့နှာခေါင်းရှုံ့ချင်ကြလိမ့်မည်။

ဒါပေမယ့် Taehyungကယောကျာ်းလေးလေ ကိုယ်ချစ်တဲ့သူက အဖြေတောင်းတော့ မိန်းကလေးလိုမူနေရမည်ကိုစိတ်မဝင်စားပါ။ချစ်တယ် မချစ်ဘူးဆိုတာစဉ်းစားစရာမလိုဘူးဟုထင်သည်။

ကိုယ့်ချစ်သူခေါ်တဲ့ခရီးကိုမလိုက်ရဲစရာလား။Jungkook နဲ့သာ Jejuကိုသွားလျှင် သူတို့ကြားရင်းနှီးမှုတိုးတက်လာမည်။တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းဖြစ်သွားလိမ့်မည်ဟုထင်သည်။

Jungkookက Jeju သွားချင်လားမေးကတည်းက Taehyung ခေါင်းငြိမ့်ပြီးသား။အိမ်ကိုတော့ဘယ်လိုပြောရမလဲမသိပေ။Hoseok နာမည်ပဲသုံးပြီးညာရမှာပဲ။မယုံလည်း Hoseokကိုအိမ်လာခေါ်ခိုင်းရမယ်။

TRUST  ✔Where stories live. Discover now