20

5.2K 481 136
                                    

Zawgyi ver
Time skipping>>>      

စာဖြေချိန် ၃နာရီပြည့်သွားတဲ့အချိန်မှာ အခန်းထဲမှ ကျောင်းသားများအလျှိုလျှိုထွက်သွားကြသော်လည်း

သူကတော့ စာရေးကိရိယာများသိမ်းလိုက်ကာ Hoseok နဲ့ Yoongi ကို စောင့်နေလိုက်သည်။

Hoseok က အကြောဆန့်နေကာ Yoongiကတော့ မျက်လုံးဖွင့်ရဲ့လားတောင်မသိတော့ပေ။

သူတို့ exam ဖြေပြီးတော့ အချိန်က ၁၁း၀၀

Corridorမှာ သုံးယောက်သားလေးတိလေးကန်လျှောက်ရင်း ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားနေမိသည်။

အလယ်တန်းကျောင်းသားအရွယ်ကတည်းကစ Photographer တစ်ယောက်ဖြစ်ချင်သည်။

လူတွေရဲ့တစ်နေ့တာသွားလာပုံတွေ တစ်နေ့စာအတွက် ရုန်းကန်လှုပ်ရှားရပုံတွေ

Country sideမှာသာတွေ့မြင်ရတဲ့ သဘာဝရှုခင်းပုံရိပ်တွေကို မြို့ပြလူနေစုအား Exibition ဖွင့်ပြီးချပြချင်တာ သူ့ရည်ရွယ်ချက်

အဖိုးနဲ့အဖွားရှိရာ ကလေးဘဝအမှတ်တရများပြည့်နေသော Daeguဆိုတဲ့နယ်မြို့လေးကို အလည်သွားချင်သေးသည်။

Hoseokကတော့ ဦးလေးရှိရာ Singaporeသို့ သွားနေပြီး Music ပိုင်းကိုပိုတိုးတက်အောင်လုပ်မည်လို့ပဲ ပြောသည်။

" Yoongi-ah မင်းဘာလုပ်မယ်စဉ်းစားထားလဲ "

မှင်သေသေရုပ်ဖြင့် လှည့်ကြည့်လာတဲ့ Yoongi

" Music~~ တစ်ခုတည်းသော ငါ့ရဲ့အိပ်မက်ပဲ ငါ့ရဲ့ခံစားချက် ငါ့ရဲ့ခံယူချက်တွေကို

သံစဉ်အနေနဲ့ထုတ်ပြချင်တာ~~

ငါ့ရေးလိုက်တဲ့ စာသားလေးကပဲဖြစ်ဖြစ် မှားတာကိုမှန်အောင်ပြင်ပေးလိုက်နိုင်ရင် ငါကျေနပ်တယ်

ငါ့အဖေက England ကိုခေါ်နေပြီ ငါ့ကိုယ်ပိုင် Studioလုပ်ပေးမယ် လာနေပါတဲ့

မင်းသိတဲ့အတိုင်းပဲလေ ငါနဲ့အဖေက ဆက်ဆံရေးသိပ်မကောင်းဘူး

ဒါပေမယ့် ငါဝါသနာပါတဲ့ Musicအတွက်ဆိုရင်တော့ ငါ Englandကိုသွားမယ် "

England?? Jungkookရဲ့ အချစ်ဦးထွက်သွားတဲ့နိုင်ငံမလား!!

" အေးပါကွာ မင်းဝါသနာပါရာပဲလုပ်ပါ အဆင်ပြေပါစေ သူငယ်ချင်း ငါသွားတော့မယ် Jungkookစောင့်နေပြီ "

TRUST  ✔Where stories live. Discover now