--Zawgyi--
"မင်းသေချာ စစ်လာပါတယ်နော်"
"ဟုတ်ကဲ့ ဆရာ"
"Structureပိုင်းက လုံးဝခိုကပ်လို့မရဘူး။ တစ်ခုခုလွဲချော်တာနဲ့ ကုမ္ပဏီဘက်က အရှုံးပေါ်မှာ ။အရှုံးပေါ်မှာထက် နာမည်လဲပျက်ဦးမယ် မြေကတော်တော်မကောင်းတာ ဆိုတော့ "
"Design ပိုင်းကို ဆရာ နည်းနည်းလောက် ထပ်စစ်ပေး ပါလား"
"ကောင်းပြီလေ...Drawing တွေတင်ထားခဲ့"
တပည့်ဖြစ်သူထားရစ်ခဲ့သည့် Drawingများကို စိတ်ရှည် လက်ရှည်ပြန်စစ်ဆေးနေတာနဲ့ပဲ နေ့လည်စာ စားချိန်ကို ကျော်လွန်မှန်းမသိ ကျော်လွန်လာခဲ့ပြီ။
We don't talk anymore
We don't talk anymore"ဟယ်လို မေမေ"
"ထမင်းစားပြီးပြီလား အစ်ကိုလေး"
"အာ...အခုစားတော့မှာ။ ဟဲဟဲ"
"တစ်နာရီတောင် ကျော်တော့မယ် ။ စားတော့လေ"
"nae...မေမေ တစ်ခုခုပြောစရာရှိလို့လား"
"အင်း။ ညနေ ချိန်းထားတာမရှိရင် အိမ်ကိုစောစောပြန်ခဲ့ပါလား"
"Hyungနဲ့တော့ ချိန်းထားတယ်။"
"Taeလေးကိုပါ အိမ်ခေါ်ခဲ့လိုက်လေ"
"ဟုတ်။ ဒါဆို ညနေကျမှ Hyungနဲ့တူတူ ပြန်ခဲ့မယ်"
"အေးအေး.. ဒါပဲနော်။ ထမင်းစားလိုက်ဦး။"
"nae...Saranghae"
မေမေဘာများပြောစရာရှိလို့ပါလိမ့်?
ထားပါလေ ။ ညနေကျတော့ သိရမှာပဲ။နေ့လည်စာ စားသောက်ပြီးနောက် Drawingတွေ ပြန်စစ်ဆေးနေ တာနဲ့ပဲ အချိန်က ကုန်မှန်းမသိ ကုန်သွားခဲ့ရ သည်။ Structure ပိုင်းမှာ သူများတွေက အပူတပြင်း ကြိုးစားကာ တွက်ချက်ရသော်လဲပါရမီပါလွန်းလှသဖြင့် သင်သမျှအလျှင်အမြန် တတ်မြောက်လွယ် သော ပေါ့ပျက်ပျက် လူတစ်ယောက်အကြောင်းကလဲ သူ့အလိုလို ခေါင်းထဲရောက်လာခဲ့ပြန်သည်။
ညနေပိုင်းတွင် Taeလာသည့်အချိန်အထိ ကုမ္ပဏီမှာ ထိုင်စောင့်နေပြီးနောက် နှစ်ယောက်သားJungkookတို့ အိမ်သို့အတူတူပြန်ခဲ့ကြသည်။