--Zawgyi--
"ရော့ Tae Hyung"
"ဘာကြီးလဲ"
ပုံကြမ်းဆွဲနေရင်းက Hyungကို မသိချင်ယောင်ဆောင်ပြီး ပြန်မေးလိုက်မိသည်။ Tae Hyung သိတာပေါ့။ သူယူထားတဲ့ ပိုက်ဆံတွေကို နည်းနည်းချင်းစီပြန်ပေးဖို့ ကြိုးစားနေတယ်ဆိုတာ။ဘာလို့ယူရမှာလဲ။ ဒါလေးတွေရှိနေမှ Hyungကို နည်းနည်း နှိပ်စက်လို့ကောင်းမှာလေ။ဒါလေးတွေနဲ့မှ Hyungက ကျွန်တော့်ကို ကျေးဇူးရှင်အဖြစ် သတ်မှတ်ပြီး နည်းနည်းအဖတ်လုပ် မှာမလား။
"မင်းဆီက ယူထားတဲ့ပိုက်ဆံ။ အပြည့်တော့မဟုတ်သေးဘူး"
"အပြည့်မဟုတ်သေးရင် လာပြန်မပေးနဲ့ ။ ပြည့်တော့မှပေး..
အဲ့ပိုက်ဆံနဲ့ ကျွန်တော်လဲ ဘာမှသုံးလို့မရဘူး""ယူချင်ယူ မယူချင်နေ။ ငါကတော့ ပြန်ပေးပြီးပြီနော်"
"ပေးချင်ပေး မပေးချင်နေ ။ ကျွန်တော်ကတော့ မယူဘူး။
ပျောက်ရင်မသိဘူးနော်။ ကိုယ့်ပိုက်ဆံကိုယ် ပြန်သိမ်းထား။
ဒါမှမဟုတ်ရင်လဲ ဆိုင်မှာ အလုပ်သမားလေး ဘာလေး ထပ်ခေါ်ပေါ့ အလကားနေရင်း အပင်ပန်းခံနေတယ်"ကျွန်တော့်ဆီကပိုက်ဆံတွေနဲ့ ဆူရှီဆိုင်လေးဖွင့်ဖို့ ကြိုးစား နေတာတဲ့။ ဒါတောင် ကျွန်တော်မသိအောင် လုပ်နေတာ။ မနက်အစောကြီး သွားရတဲ့အလုပ်မို့လို့ ဘာအလုပ်လဲ သိချင်လို့ သူမသိအောင် လိုက်ချောင်းထား တာ။ သူ့ဆူရှီဆိုင် ကလဲ အလုပ်သမားက သူအပါအဝင်မှ ၃ ယောက်လောက်ပဲ ရှိတာ။ ဆိုင်ခန်းကလဲ ငှါးပြီးဖွင့်ထားတာ ဆိုတော့ သူလဲ အကြပ်အတည်းထဲမှာ ကြိုးစား နေရတဲ့ပုံပါပဲ။
Tae Hyung ကို ပြောမရမှန်းသိတော့ Hoseokက ထိုပိုက်ဆံလေးတွေကို ပြန်သိမ်းထားလိုက်သည်။ မတတ်နိုင်..
ဘဏ်ထဲပြန်ထည့်ထားပြီး ပြည့်တော့မှပဲပေးရတော့မည်။ကုတင်လေးရဲ့ ဘေးတစ်ဖက်စီမှာ စာကြည့်စားပွဲနှစ်ခု။
Tae Hyung ကလဲ ဒီဇိုင်းပုံကြမ်းတွေရေးခြစ်နေသလို
Hoseokကလဲ ဆိုင်နဲ့ပတ်သက်တဲ့ စာရင်းတွေ ရေးမှတ်နေသည်။ထိုစဉ် Hoseok ရဲ့ပုခုံးပေါ်သို့ ငြင်သာစွာသက်ရောက်လာတဲ့ အထိအတွေ့တစ်ခု။