Part 10

13.4K 1.4K 28
                                    

--Zawgyi--

တစ်ပတ်ခန့်ကြာသော်

"Noona.... လှလှလေးဆိုးပေးနော်"

"အေးပါဟယ်။ ပထမတုန်းကတော့ နင်ပဲ cool guy image ပျက်တယ်ဆို"

"လုပ်ရမှတော့ လှလှလေးပဲလုပ်မယ်လေ"

Eun Bi noona အလှပြင်ပေးသမျှကို ငြိမ်ငြိမ်လေး ခံယူနေတာက လူဆိုးကောင်လေး Park Jimin မှ ဟုတ်ပါလေစ။

"Hyung ကလဲ ကြာလိုက်တာ"

"ရောက်တော့မှာပါ"

ဒီနေ့က ကလေးရဲ့ တက္ကသိုလ်ကျောင်းသားဘဝမှာ အမှတ်တရ ဖြစ်နေမယ့် နေ့တွေထဲက တစ်ခု ဖြစ်လာတော့မှာမို့ Jimin တစ်ယောက် အူမြူးနေမိသည်။

noonaက မဲပေးဖို့အတွက် အသဲပုံ စတေကာလေး အခု ၂၀ ပေးမည်။ Jiminက fresher welcome ရဲ့ ကပွဲအတွက် စနိုးဝှိုက်လေး လုပ်ပေးရမည်။ ဘယ်လိုမှမဖြစ်နိုင်တာကြီးဆိုပေမဲ့ စကာတင် ၃ယောက်လုံး က ဟိုကလေးလေးနဲ့ မတိမ်းမယိမ်းဘဲ ဆိုသည့်အကြောင်းကို noona က သတိလှမ်းပေးလာတဲ့ အချိန်မှာ ရှည်ရှည် ဝေးဝေးတွေ စဉ်းစားမနေတော့ဘဲ လက်ခံမိတာ ဖြစ်သည်။

ပုံမှန်ထက် အူမြူးနေမိတာကကျတော့ ဒီနေ့က ကျွန်တော့်ဆံပင်လေးတွေ ကျွန်တော့်ကို ဘိုင့်ဘိုင် လုပ်ရတော့မယ့်နေ့ ဖြစ်တာမို့ စိတ်လွတ်သွားတာ ဖြစ်မှာ။

ဆရာကြီးဆီမှာ ဖမ်းခံထိတုန်းက တစ်ပတ်အတွင်း ဆံပင်ညှပ် ဆေးပြန်ဆိုးပြီး လာပြပါ့မယ်လို့ ကတိပေးခဲ့ရတာကိုး။ ဒါတောင် noona တို့ လိုက်ပြီး တောင်းဆိုပေးထားလို့ တစ်ပတ်ခံတာ...

"Aigoo... လှလိုက်တာဟယ်....
Jimin ah.. noona နှုတ်ခမ်းနီထုတ်ဖြစ်ရင် Jiminနဲ့ကြော်ငြာမယ်သိလား...ဒီမှာကြည့်စမ်း"

noona ထုတ်ပေးတဲ့ မှန်အဝိုင်းလေးကို ကြည့်လိုက်ကာ

"ကျွန်တော် လိုင်းပြောင်းလိုက်ရင်ကောင်းမလား"

"ကောင်းတာပေါ့... ငါမိတ်ကပ် tutorialတွေရိုက်ရင် နင့်ကိုငှါးမယ်"

"ဟား..ဟား"

"ဟေ့ ဒီမောင်နှမတွေ ဘာတွေသဘောကျနေကြလဲ"

Eunbi noona နဲ့ ခွီနေကြစဉ် Hyung နဲ့ အင်္ကျီ ချုပ်ပေးသည့် noona တို့အဖွဲ့ပါ ရောက်လာကြသည်။

TWO is better than ONEWhere stories live. Discover now