--Zawgyi--
"ဒေါ်လေး ထမင်းစားရအောင်လေ။ ဦးလေးလဲ ရေချိုးပြီးပြီ"
"အေးအေး သားငယ်လေး။ Hoseokie ပြန်ရောက်ပြီလား"
"Hyung ဒီနေ့ အလုပ်ရှုပ်နေတယ်ထင်တယ်။ အခုနက ဖုန်းဆက် ကြည့်တာ ဖုန်းမကိုင်ဘူး"
"ဒီကောင် clubတွေ ဘာတွေ သွားကဲနေမှာပေါ့။"
Hoseokအဖေက ဝင်ပြောသည်။
"အလုပ်ရှုပ်နေလို့ဖြစ်မှာပါ "
Taeရဲ့အသံသြရှရှလေးက တိုးလျလျ
"အဲ့ကောင်က ဝဋ်လည်မယ့်ကောင် သိလား Tae Hyungလေး..
Aigoo..ငါတို့ Tae လေးက ဒီလူဆိုးကောင်ကိုမှ ချစ်မိနေရှာတယ်"Hoseokတို့အမေ ဒီလိုပြောတိုင်း Taeက အလှပဆုံး ပြုံးနေတတ်သည်။ ဝဋ်ကြွေးရှိခဲ့တယ်ဆိုဦးတော့...
အဲ့ဒီဝဋ်ကြွေးတွေကို Hyungဆီမှာ လာပေးဆပ်နေရတာ က Tae အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ချိုမြိန်ခြင်း တစ်ခုပဲ။ စိတ်မကောင်းတော့ ဖြစ်မိပေမဲ့ Hyung ရဲ့ဆိုးသွမ်းမှုတွေကြောင့် ပဲ ကိုယ့်ရဲ့အချစ်တွေက ပိုပြီးတောက်ပလာသလို။ခပ်ပြုံးပြုံးလေး ထမင်းစားနေတဲ့ Taeကို ကြည့်ရင်း
"Taeလေး အလုပ်တွေအဆင်ပြေရဲ့လား"
"ပြေတယ် ဒေါ်လေး။ နောက်လလောက်ဆိုရင်တောင် နိုင်ငံခြားသွားရမလားမသိဘူး"
"ကောင်းတာပေါ့"
"မကောင်းပါဘူး....Hyungနဲ့ ခွဲရမှာ"
Taeရဲ့ အဖြေစကားကြောင့် Hoseok ရဲ့မိဘတွေ သက်ပြင်းချမိ ကြသည်။ သုံးယောက်သား တိတ်တိတ်ဆိတ်ဆိတ် စားနေကြစဉ်
Hoseokတစ်ယောက် ပြန်ရောက်လာသည်။"သားကိုတောင် မစောင့်ဘူး ။ ထမင်းစားနေကြတာ"
"Hoseokie အလုပ်ရှုပ်နေတယ် ထင်လို့ပါ"
"Hyung တစ်ခါထဲ စားမယ်မလား။ "
ဘာမှပြန်မဖြေတဲ့လူကို ကိုယ့်ဘာကိုယ်မေး ကိုယ့်ဘာကိုယ် ဖြေပြီးစားလက်စကို ရပ်ကာ Hoseokအတွက် ထမင်းခူးပေးရှာသည်။ထမင်းပန်းကန်လုံးလေးနဲ့ တူတစ်စုံကို Hoseok ရှေ့ကိုချပေးလိုက်တော့
"မင်း ငါ့ဆီဖုန်းခေါ်ထားတာ ဘာလုပ်မလို့လဲ"
"Hyungစောစောပြန်လာရင် ထမင်းအတူတူစားရအောင် စောင့်နေမလို့ပါ"