--Zawgyi--
Jung Hoseok...
ပညာရေးကို သိပ်စိတ်မဝင်စားသူမို့ တက္ကသိုလ်ပြီးတဲ့အထိ ကျောင်းမတက်ဘဲ ရရာအချိန်ပိုင်းအလုပ်တွေ ဝင်လုပ်ပြီး မိဘတွေကိုတစ်ဖက်တစ်လမ်းက အကူအညီပေးနေသည့် အနေအေးအေး လူငယ်တစ်ယောက် ။ စိတ်ရင်းဖြူစင်သူမို့. သူတစ်ပါးကို စိတ်ဒုက္ခရောက်အောင် လုပ်တတ်သူ
မဟုတ်စေကာမူKim Tae Hyungကတော့ ချွင်းချက်
ဖြစ်သည်။အားမတန်လို့ မာန်လျှော့ထားရသည်ဖြစ်သော်လည်း အခုကစပြီး Tae Hyung အတွက် ပျော်စရာအချိန်တွေ နိဂုံးချုပ်ပြီ ဟု တွေးရင်း အားတင်းထားရသည်။ ကိုယ့်ကို မချစ်နိုင်တဲ့ လူတစ်ယောက်နဲ့နေရတာ ဘယ်လောက်ထိ စိတ်ပျက်ခြောက်ခြား ဖို့ကောင်းလဲ ဆိုတာ ပြပေးမယ်။
မင်းက ငါ့အပေါ်အနိုင်ယူ၊ငါက မင်းအတွက် စိတ်ဆင်းရဲ နေရမည့် မင်းမိဘတွေကို ကြည့်ရင်းပြန်အနိုင်ယူမယ်။အချစ်တွေမပါ မိဘတွေရဲ့ ထောက်ခံမှုတွေမပါသည့် မင်္ဂလာပွဲဖြစ်သည့်အလျောက် နှစ်ဖက်မိဘများ၏ မျက်နှာ
ပေါ်တွင်လဲ ခံစားချက်ကိုယ်စီနှင့် အပြုံးတွေပျောက်ကွယ် လျက်။ Hoseok၏ မိဘများအနေနှင့်လည်း Tae Hyung မိဘတွေ၏ အကြည့်အောက်မှာ အတော်လေး
ကို အနေရခက်လှပါသည်။ရောဂါ မပျောက်ဘဲ သေသွားတာကမှ အေးဦးမယ်ဟူ၍လည်း တွေးနေကောင်း တွေးနေနိုင်သည်။ အသက်မပါဘဲ စက်ရုပ် တစ်ရုပ်လို ဖြစ်နေသည့် သားဖြစ်သူကို ကြည့်ပြီး သက်ပြင်း ကိုသာ အခါခါချမိသည်။
နှစ်ဖက်မိဘတွေအပါအဝင် လာသမျှလူအနည်းငယ်ကလဲ ရုပ်တည်ကြီးတွေနဲ့မို့ တစ်ယောက်ထဲ ပြုံးရယ်နေရတာ နည်းနည်းတော့ အူကြောင်ကြောင်နိုင်လှသည်။ဘေးက သတို့သားကိုလည်း ကြည့်လိုက်ဦး...
"Hyung နည်းနည်းပြုံးနေလေ"
လေသံတိုးတိုးဖြင့် သတိပေးစကားဆိုမိသည်။
"........."
"မပြုံးရင် ဖက်နမ်းမှာနော်"
"ငါက ဘယ်လိုများပြုံးနေနိုင်မှာလဲ၊ မကျေနပ်ရင်လဲ ပွဲဖျက်လိုက်"
Hoseokက တမင်ကို အသံကျယ်ကျယ်နဲ့ ပြောပစ် လိုက်တော့ အရှေ့ဆုံးအတန်းမှာထိုင်နေသည့်
Tae Hyung အမေက မျက်ထောက်နီနှင့်လှမ်းကြည့် သည်။