--Zawgyi--
"Hyung ရည်းစားရနေတာလား။ မှန်မှန်ပြောနော်"
ကျောင်းသွားဖို့ ရေမိုးချိုး အဝတ်အစားလဲပြီးမခြောက်သေးတဲ့ ဆံပင်တွေကို သုတ်နေရင်း ကုတင်ပေါ်မှာထိုင်နေသည့် Nam Joon Hyung ကို မေးလိုက်သည်။ အခုတလော လူကိုခွဲခြား ခွဲခြားလုပ်နေလို့ကို အဆောင်အထိ ပင့်ခေါ်ပြီး ပလိပ်စစ်, စစ်နေမိတာ။
"မဟုတ်ပါဘူးကွာ"
"အင်းလေ။ Hyungပုံစံနဲ့ ဒီတစ်သက်ရည်းစားရမဲ့ပုံလဲ မပေါ်ပါဘူး၊ ဒါဆိုဘာလို့ ကျွန်တော့်ကိုရှောင်နေတာလဲ ။
ဘာလဲ ကျွန်တော်ရည်းစားရသွားလို့ Hyungကို ပစ်ထား မိသလိုဖြစ်သွားလို့လား""မဟုတ်ပါဘူး ဘေဘီရာ"
ဒီ ဘေဘီဆိုတဲ့ Park Jiminဟာ ရည်းစားထားဖို့လောက်ပဲ သိတာ။ မျက်နှာရိပ်မျက်နှာကဲ
မသိ ဘာမသိ။ ဟိုနေ့က သူ့ကလေးက "အကြီးဖြစ်ပြီး Jiminကို မထိန်းဘူး"ဆိုတဲ့ အကြည့်မျိုးနဲ့ကြည့်သွားတာ။ အဲ့ကောင်လေးပုံစံကလဲ တော်တော် နားလည်ရခက်သည်။တစ်ခါတစ်ခါလဲ Jiminကို မချစ်ဘဲတွဲနေသလိုမျိုး၊
တစ်ခါတစ်ခါလဲ ကိုယ့်ကို အေးတိအေးစက်ကြီးတွေ ကြည့်တတ်သေးတာ။ ကိုယ့်ဘေဘီက သူ့ကိုဘယ်လောက် ချစ်လဲသိတာမို့ ကိုယ့်ကြောင့်နဲ့ နှစ်ယောက်ကြားမှာ
ပြဿနာတွေ များပြီး စိတ်ရှုပ်နေမှာမျိုး မဖြစ်စေချင်ပါ။သူ့ကိုစိတ်ချမ်းချမ်းသာသာလေးပဲ နေစေချင်တာ။"မဖြစ်ဘူး..မဖြစ်ဘူး.. Hyungကို ဒီဇိုင်းပြောင်းပေးရမယ်။igမှာလဲ ဓာတ်တိုင်ကြီးလို poseတွေချည်းဘဲ ပေးမနေနဲ့ ။ဒါမျိုးလေးတွေတင်"
သူ့ဖုန်းထဲက ပြူးတူးပြဲတဲ selca လေးတွေကို ပြရင်း
ကျွန်တော့်ကိုဆရာလုပ်သည်။"တော်စမ်းပါ။ ငါ့pose က ငါ့လိုအရပ်ရှည်တဲ့လူတွေနဲ့ဆို ကြည့်ကောင်းပြီးသားပဲ။ မင်းလဲ ငါ့လိုအရပ်ရှည်လာတဲ့ အခါကျရင်အဲ့လိုဓာတ်တိုင်pose တွေရိုက်ချင်လာလိမ့်မယ်"
"ဘာ"
"ဟီးဟီး"
"ဟီးဟီးလုပ်မနေနဲ့။ လာစမ်းပါ UNOလေးတစ်ပွဲလောက် ကစားသွားရအောင်"