--Zawgyi--
"ကျွန်တော် မနက်ဖြန် ဘူဆန်ကိုခဏသွားမလို့"
မနက်စာထမင်းဝိုင်းတွင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည့်
Jiminရဲ့ စကားသံ"ကိစ္စရှိလို့လား"
Jungkookတို့အဖေက အမေးစကားဆိုသည်။
"နောက်တစ်ပတ်ဆို ကျောင်းပြန်တက်ရတော့မှာဆိုတော့ အလုပ်ပိုရှုပ်တော့မှာလေ... Chimလေးက သူ့သူငယ်ချင်းတွေဆီ လိုက်ပို့ဖို့ပူဆာထားတာ... နောက်ရက်တွေဆို မပို့နိုင်မှာစိုးလို့"
"အရမ်းမကြာဘူးမလား"
"ဟုတ်။ နှစ်ရက်လောက်ပါပဲ..."
အမေးအဖြေများကို နားစွင့်နေရင်း အတွေးနယ်ချဲ့နေမိသည့် Jungkook..
"Kookie...လိုက်ပို့ပေးလိုက်ပါလား"
"အမ်"
ရုတ်တရက်ကြီး ထပြောသော ဘွားဘွားကြီးကြောင့် စားလက်စတို့ ရပ်တန့်ကုန်ရသည်။
"ရပါတယ် ။ သားဘာသာပဲ...."
Jiminရဲ့စကားမဆုံးသေးခင်
"ဟို မနက်ဖြန်သွားမှာဆိုတော့ သားခွင့်ယူဖို့အဆင်မပြေဘူး။
ပြန်မဲ့နေ့ကျရင်တော့ ပိတ်ရက်နဲ့တိုက်နေရင် သွားကြိုပေးလို့ရပါတယ်"Jungkookရဲ့ အဖြေစကားကြောင့် Chim တို့Appaအပါအဝင် အကုန်လုံးအံ့သြကုန်သည်။ ဘွားဘွားကြီး အနေနဲ့လဲ မဖြစ်နိုင်မှန်းသိရက်နဲ့ တောင်းဆိုကြည့်မိရုံသာ။
အသေအကြေငြင်းပြီး စိတ်ဆိုးကာ ထမင်းဝိုင်းက ထွက်သွားလောက်မည်ဟု ခန့်မှန်းထားရသည်မို့...."ဒါဆိုအဆင်ပြေတာပဲ... အပြန်ကျ Jungkook သွားကြိုလိုက်ပေါ့ "
"ဟိုလေ..Jungkook ငါ့ဘာငါ ပြန်လာလို့အဆင်ပြေပါတယ်။
ပိတ်ရက်မှာ အေးအေးဆေးဆေးနားပါ""အို...ဝက်ပေါက်လေးကလဲ...Jungkookieက အဆင်ပြေပါတယ်ဆိုနေ။ လာကြိုပေးလိမ့်မယ်"
"ဟုတ်ကဲ့.. ကျေးဇူးပါJungkook"
ကာယကံရှင်ကရော လူကြီးတွေကပါ အလိုရှိနေတာမို့ Jiminလဲ အတိုက်အခံ ငြင်းမနေမိတော့ပေ။
ထမင်းစားသောက်ပြီးတော့ Chim လေးကို မူကြိုကျောင်းသွားဖို့ ပြင်ဆင်ပေးကာ ဖယ်ရီလာတဲ့အထိ စောင့်နေပေးလိုက်သည်။
ပြီးနောက် ကျောင်းအပ်ဖို့်ကိစ္စအတွက် အပြင်သွားရမည်မို့ လိုအပ်တာတွေယူပြီး အပြင်ထွက်လာတဲ့အခိုက် အိမ်ရှေ့ဆိုဖာမှာ ထိုင်နေသည့် Jungkookကို တွေ့လိုက်ရသည်။