--Zawgyi--
"Jiminရေ... ဆရာ့အခန်းကို ပထမနှစ်ကျောင်းသားတွေရဲ့
ကျောင်းသားကဒ်တွေ လိုက်ယူပေးပါဦး""Nae..."
ကျောင်းကို စောစောရောက်နေတာမို့ ဆရာ့ကိုကူညီဖို့ Civil ဌာနကို လိုက်သွားခဲ့သည်။
ဆရာတို့အခန်းထဲကို ရောက်တဲ့အချိန်မှာ မေဂျာဘာသာရပ်တစ်ခု၏ ဆရာမက စောရောက်နေတာမို့ နှုတ်ဆက်လိုက်မိသည်။
"Sam... မင်္ဂလာပါခင်ဗျ"
"အေးကွယ်...Jiminie ဆံပင်တွေဆိုးထားပြန်ပြီ။ ဆရာကြီးနဲ့တွေ့ရင် အဆူခံထိဦးမယ်"
"ဒီကောင်ကတော့ ပြောမနိုင်ဆိုမနိုင် ဆရာမရေ"
ဆရာနဲ့ ဆရာမက အတိုင်အဖောက်ညီညီ ကျွန်တော့်ကိုချီးမွမ်း နေကြသည်မို့ ကျွန်တော်လဲ မသိချင်ယောင်ဆောင်ကာ တဟဲဟဲ လုပ်နေလိုက်သည်သာ..
"အော်...ဆရာ့ကို တစ်ခါထဲ မိတ်ဆက်ပေးရဦးမယ်။
ဒီကျောင်းသားလေးက Civil First yearကလေ။ ဒီကျောင်းမှာ ကျောင်းအုပ်လုပ်ပြီး ပင်စင်ယူသွားတဲ့ ဆရာမကြီးMoon ရဲ့ မြေးလေးသားလေး ဆရာ့ကိုနှုတ်ဆက်လိုက်ပါဦး။ ""ဆရာ.... မင်္ဂလာပါခင်ဗျ
သားကို တပည့်အရင်းလိုသဘောထားပြီး ဆုံးမပေးပါ""ဆရာမကြီးက ဆရာတို့ကျောင်းအပေါ်မှာ ကျေးဇူးရှိတယ်ကွ။
ဆရာလဲ သားတို့အခန်းမှာ လာသင်ရဦးမှာပါ..
သားလိုအပ်တဲ့အကူအညီရှိရင်ပြောနော်""Nae"
အလဲ့ တယ်ဆိုတဲ့ စာပါလား။ အနှီပထမနှစ်ကျောင်းသားလေးက ဆရာ့ဘက်ကိုလှည့်ပြီး နှုတ်ဆက်တဲ့အချိန်မှာ Park Jimin လေးရဲ့ရင်ထဲမှာ ကုလားဘုရားလှည့်သွားသည်။
ပထမတော့ သေချာမကြည့်မိဘဲ အသံကိုနားထောင်မိကာ ခပ်ဆိုးဆိုးကျောင်းသား တို့ထုံးစံအတိုင်း လူလိမ္မာလေးတွေ တွေ့ရင် လှောင်ရယ်ချင်စိတ်ပေါက်လာရတာမို့ ကြိတ်ရယ်နေမိရာက မျက်နှာလေးကိုမြင်လိုက်ရတဲ့ခဏ ရင်ထဲမှာ အမျိုးအမည်မသိသော ပန်းကလေးတို့ ပွင့်လန်းကုန်သည်။
ဟိုကျောင်းသားလေးနဲ့ ဆရာတို့ နှုတ်ဆက်ပြီးသည်အထိ Jiminခမျာ မလှုပ်မယှက်။