--Zawgyi--
"Hyung ရောက်နေတာကြာပြီလား"
Taeက ခပ်ပြုံးပြုံးဆိုရင်း Hoseok အရှေ့က ထိုင်ခုံ လေးမှာ ဝင်ထိုင်လိုက်သည်။ ထုံးစံအတိုင်း Hoseokရဲ့ ပုံစံကတော့ မအီမသာပင်...
"ကျွန်တော်မှာထားတာ ပါလာလား Hyung"
Taeကို ဘာမှပြန်ဖြေကြားခြင်းမပြုဘဲ စက္ကူအိတ်လေး တစ်ခု စားပွဲခုံပေါ်တင်ပေးလိုက်သည်။Tae က လှမ်းယူကာ အထဲကပစ္စည်းကို ထုတ်ကြည့်ပြီးနောက်..
"အင်း... အရောင်မှန်သားပဲ။ ကော်ဖီသွားမှာ လိုက်ဦးမယ်။"
အရှေ့တည့်တည့်လာပြီး အေးရာအေးကြောင်း လုပ်နေသော Tae Hyungကို Hoseok အမြင်ကတ်လှသည်။
Waiter လေးက ကော်ဖီလာချပေးတော့လဲ စိမ်ပြေနပြေ သောက်နေပြန်သည်။အထဲက နို့နှစ်ရောင် ဆွယ်တာလေးနဲ့ Long Coat နက်ပြာလေးကို တွဲဖက်ပြီး ဝတ်ဆင်ထားတဲ့ Tae Hyungရဲ့ ပုံစံက ယောကျာ်းလေး အချင်းချင်းတောင် ငေးမောရလောက်အောင် ခန့်ငြားလှသည်။
အေးအေးဆေးဆေး ပြုမူလှုပ်ရှားတတ်ပုံလေးတွေ ထပ်လောင်းပေါင်းထည့်လိုက်ပြန်တော့ ပျိုမဒီတွေ ရူးသွပ်ချင်စရာ အလှနတ်ဘုရားလေး ဖြစ်လာရသည်။"ဂူဂူးပေးထားတဲ့ မာဖလာရော"
"အွန်း"
"Tae Hyung.... ငါ့ကို စိတ်တိုအောင်လာမလုပ်နဲ့"
"ပေးမှာပေါ့။ ကော်ဖီလေးသောက်ပါရစေဦး"
စိတ်ရှုပ်ထွေးလာသဖြင့် မှန်ပြတင်းအပြင်ဘက်ကိုသာ ခပ်ငေးငေး ကြည့်နေလိုက်သည်။
"မျက်နှာကြီးကလဲ"
"အပိုတွေပြောမနေနဲ့ ။ မင်း ဂူဂူးကို ပြတ်ပြတ်သားသား ငြင်းသင့်တယ်မဟုတ်လား။ အခုလို လုပ်နေတာက ဂူဂူးကို ပိုပြီးနာကျင်စေတယ်..."
"ဟက်... ကျွန်တော်ငြင်းထားတာပဲ..ကျွန်တော် ငြင်းလဲ ဂူဂူးက Hyungကို ပြန်ကြိုက်တာမှမဟုတ်တာ"
"တောက်... မင်း"
"စိတ်မကြီးနဲ့လေ။ "
ကော်ဖီသောက်ခြင်းကို လက်စသတ်ကာ မတ်တပ်ရပ်လိုက်ပြီး
Long Coatအရှည်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်သည်။ ထို့နောက် အောင်နိုင်သူအပြုံးမျိုးဖြင့်