❤❤❤

11.3K 947 164
                                    

--Zawgyi--

Extra မဟုတ်သေးဘူးလို့ ကြိုပြောထားပါရစေ။💗

2 is better than 1ကို ဖန်တီးမိတဲ့သူတစ်ယောက် အနေနဲ့ ဒီfic လေးနဲ့ပတ်သက်တဲ့ တချို့အချက်လေးတွေ
အထူးသဖြင့် စာဖတ်သူတွေ သိပ်သတိမထားမိလိုက်တဲ့ အချက်တချို့ကို ရင်ဖွင့်ချင်လို့ပါ။ တကယ်လို့ အစ်မအခု ရေးမယ့်အချက်လေးတွေကို အရင်ထဲက ခံစားမိပြီးသား ဆိုတဲ့သူတွေကိုတော့ အထူးကျေးဇူးတင်ပါတယ်။ ပြီးတော့
ကျေးဇူးတင်ကြောင်းလေး သေသေချာချာပြောချင်လို့ပါ။

စပါမယ်✌

🍁 Jimin က Jungkookကို စ, နောက်ပြီး ခေါ်တဲ့ အချိန်ကလွဲလို့ "မောင်" လို့တစ်ခါမှ မခေါ်ခဲ့ဖူးပါဘူး။ Jungkookကို စ ချင်တဲ့စိတ်နဲ့ ပြောလိုက်မိပေမဲ့ သူပြောတဲ့စကားကိုတောင် သူ့ဘာသူ မမှတ်မိလို့ Jungkookလေး သူ့ကိုယ်သူ "မောင်" လို့ ပြောတဲ့အချိန် တိုင်း Jimin လေးခမျာ မလုံမလဲဖြစ်နေတတ်ပါတယ်။
Jimin က ဘာလို့ "မောင်" လို့ မခေါ်လဲဆိုတော့ Jungkook ဆိုတဲ့ နာမည်လေးကို သူအရမ်းမြတ်နိုးလို့ပါ။
Jungkook ဆိုတဲ့ စကားလုံးလေးရဲ့ လှပခြင်း မလှပခြင်းထက် သူချစ်တဲ့ ကောင်လေးအတွက် သတ်မှတ် ပေးထားတဲ့ နာမည်လေးမို့လို့ ဒီနာမည်လေးကိုက အစ သူအရမ်းချစ်ခဲ့တာပါ။ ဒါကြောင့်မို့Jiminက Jungkook လေးကို ခေါ်လိုက်တဲ့အချိန်တွေမှာ Jungkookie တို့၊ Kookတို့ ကိုတောင် ထည့်မရေးမိအောင် သတိထားပြီးရေးခဲ့ပါတယ်။

(ဘယ်သူမှ သတိမထားမိတော့ အိုင်အရမ်းရှက်နေပါပြီ😁)

🍁 Jungkook လေးက အခုလက်ရှိအချိန်အထိ ရှက်တတ်တုန်းပါပဲနော်။ သူအရမ်းမြတ်နိုးရတဲ့ သူ့ Hyung တစ်ယောက်ထဲအတွက် သူ့အရှက်တွေကို ခဝါချထားပေးတာ ပါ။ အဖြေက ရှင်းပါတယ်... Jiminက သူ့ကို ထပ်ပြီးထား သွားမှာကို အရမ်းကြောက်နေခဲ့လို့ပါ။ နောက်ပိုင်းအခန်းတွေ မှာ Jungkook လေး လမ်းလယ်ခေါင်မှာတောင် မရှောင်ဘဲ Jiminလေးကို ဖက်ထားတာတို့၊ နမ်းလိုက်တာ တို့က Jiminနဲ့သူ ပြဿနာတက်ခဲ့တဲ့အချိန်တွေတုန်းက Jiminစိတ်ထဲမှာ ခံစားနေရတာတွေကို သိခဲ့ရတဲ့အတွက် နောက်တစ်ကြိမ်ပြန်ဆုံတဲ့အခါမှာ ထပ်တူညီတဲ့ အမှားမျိုး မလုပ်မိအောင် ကြိုးစားပြီး နေခဲ့ရှာတာပါ။

TWO is better than ONEWhere stories live. Discover now