--Zawgyi--
တိုကျိုမှဆိုးလ်သို့ပြန်ရောက်ပြီး တစ်ပတ်အကြာ....
"သားလေးရေ... Appa ပြန်လာပြီ"
Jiminက Chimလေးကို အော်ခေါ်ရင်း အိမ်ထဲဝင်လာ ခဲ့သည်။Chimလေးက အရင်လိုအိမ်ရှေ့ကိုထွက်မကြိုတာမို့ အခန်းထဲဝင် ကြည့်တဲ့မိတဲ့အခါ အခန်းတစ်ခုလုံး ရှင်းလင်းနေ တာမို့ ဘွား အခန်းဆီသို့ သွားခေါ်ကြည့်မိသည်။
"ဘွား..."
"ဟေ"
"သားတို့အခန်းထဲမှာ ဘာမှမရှိတော့ဘူး"
"မပြောချင်ပါဘူးဟယ်.... နင့်Jungkookie ကိုပဲ သွားမေး"
"Jungkookပြန်ရောက်နေပြီလား"
"အင်း"
"ဒါဆို သွားမေးလိုက်ဦးမယ်...Chim လေးလဲ အပေါ်မှာပဲ ထင် တယ်"
"ဟုတ်ပ... ပိစိလေးအိမ်စာရေးပြီးတော့ ဘွားနဲ့အတူတူဆော့နေ တာကို အတင်းလာခေါ်သွားတာ"
"ဟုတ်..ဟုတ်"
ဘွားစကားအတိုင်း အပေါ်ထပ်ကို တက်ခဲ့ပြီး Jungkook အခန်းထဲ ဝင်ကြည့်လိုက်ရာ Chim လေးက Jungkook ရဲ့ ကုတင်လေးပေါ်မှာ စူပုပ်ပုပ်လေး ထိုင်နေရှာတယ်။
"Appaကလေးလေးက ဦးဦးဆီလာလည်တာလား"
"Arnyi... ဦးဦးအတင်းခေါ်လာတာ"
"ဦးဦးရော"
"ရေချိုးနေတယ်"
Chimလေးကို မေးနေစဉ် Jungkookက ရေချိုးခန်း ထဲက ထွက်လာသည်။
"Hyung ပြန်ရောက်လာပြီလား"
"အင်း..Jungkook ah..Hyung တို့အခန်းထဲမှာ ဘာပစ္စည်းမှမရှိ တော့ဘူး။ ရှင်းလင်းနေတာပဲ။
အဲ့ဒါ ဘွားက မင်းကိုပဲ မေးကြည့်ဆိုလို့""အင်း...ရေချိုးရတာ အေးလိုက်တာ။ မောင့်ကို အင်္ကျီလေးထုတ်ပေးပါလား"
(😐😐😒😒😒)
Jiminက Jungkookရဲ့ ဘီဒိုလေးထဲက လက်ရှည် ရှပ်အကွက်လေးတစ်ထည်နှင့် ဘောင်းဘီရှည်တစ်ထည်ကို ထုတ်ပေးရင်း
"ရော့..ရော့ ရေချိုးခန်းထဲမှာ သွားဝတ်"
"အကုန်မြင်ဖူးပြီးသားပဲကို ရှက်နေတာလား"