Part 22

18.2K 1.6K 123
                                    

--Zawgyi--

ဘွားဘွားကြီးက မွေးရပ်မြေကို အလည်ပြန်ချင်သည်ဟူသော အကြောင်းပြချက်ဖြင့် Jungkook၏ ဖေဖေနှင့် မေမေတို့ ကိုသာမက အိမ်က အဒေါ်ကြီးကိုပါခေါ်ကာ မွေးရပ်မြေသို့ ပြန်ကြသည်မို့ Jimin တို့သားအဖနှင့် Jungkook တို့ ၃ ယောက်သာ အိမ်မှာကျန်ခဲ့သည်။ ကလေးနှစ်ယောက်ကို သေချာစောင့်ရှောက်ထားပေးနော် Jimin လေးဟု ဆိုကာ
သူတို့Jungkookကိုပါ အပ်သွားသဖြင့် မနက်စောစောစီးစီး သားနှင့် Jungkookတို့အတွက် ချက်ပြုတ်နေရသည်။

Chim ရဲ့ သစ်သီးဘူးလေးထဲကို သစ်သီးစိတ်ကလေးတွေ ထည့်ပေးနေရင်းမှ အောက်ကနေ ဘောင်းဘီစကို လာဆွဲနေ သည့် Chim Chim ကြောင့် ငုံ့ကြည့်လိုက်မိတော့ နောက်ထပ်ဘူးလေး တစ်ဘူးကို ကိုင်ထားပြီး ကျွန်တော့်ကို ရယ်ပြနေသည်မို့

"Appa သားလေး ဘာလိုချင်လို့လဲ"

"ဦးဦးကိုလဲ အတီးထည့်ပေးလိုက်ပါယား"

ထိုစဉ် ထမင်းစားခန်း အဝင်အဝ နားမှာ ရပ်ကြည့်နေသည့် Jungkook ဆီမှ အသံထွက်လာသည်။

"ဟိုဟာ... နေ့လည်ဘက် အလုပ်ထဲမှာ ဗိုက်ဆာလို့"

အော်...သူ့ကိုပါ အသီးထည့်ပေးရမယ်ပေါ့။

"အင်း"

ထို့နောက် Chimနှင့် Jungkook အတွက် အကုန်ုပြင်ဆင်ပေး ပြီးတော့ သုံးယောက်သား မနက်စာအတူတူစား ကြသည်။

"Appa"

"ဟင်"

"ဟိုကောင်တေးတေးယေးဒေ ကြည့်ချင်လို့"

"ညကလဲ တစ်ညလုံးကြည့်ပြီးပြီလေ။ ကျောင်းနောက်ကျ တော့မယ်။မြန်မြန်စားတော့။ ကျောင်းက ပြန်လာမှထပ်ကြည့် တော့"

"ဟွန့်"

Chim Chim တစ်ယောက်ဟာ သူလိုချင်တာမရသ၍ အနုနည်း နှင့် ကွေ့ပတ်ကာပူဆာတတ်သည်။ KiKiတို့အိမ် မှာ တွေ့ခဲ့သည့် Hamster သေးသေးလေးတွေကို သူ့မှာအသည်းတွေယားပြီး လိုချင်နေတာ။ ဝယ်ပေးချင်ပေမဲ့ သူများအိမ်မှာ ရှုပ်နေမှာစိုးလို့ရော၊ မနက်ပိုင်းဆို ထိုအကောင် လေးတွေအတွက် သန့်ရှင်းရေးလုပ်ပေး ဖို့ ၊ အစာကျွေးဖို့တွေ အလုပ်ပိုလာတော့မှာလေ။

TWO is better than ONEWhere stories live. Discover now