"သမီးက ရှိန်ဝါလင်းနဲ့ လက်ထပ်ရမှာ...ဟုတ်လား"
သော်တာ့မျက်နှာလေးက တည်သွားရာမှ ရှုံ့မဲ့သွားသည်။
"မား !!!"
"အမလေး...ဖြည်းဖြည်းခေါ်ပါ သမီးရယ်...ဒီလောက်နီးနီးကပ်ကပ်ထိုင်နေတာကို"
"မားတို့လုပ်ပုံ ကောင်းကြသေးရဲ့လား...သမီးကို ရှိန်ဝါလင်းနဲ့ ပေးစားဖို့ စီစဉ်ရက်တယ်နော်... သမီးကို အဲ့လိုကျောက်ရုပ်နဲ့ ပေးစားမယ့်အစား ကျောက်တုံးနဲ့သာ ထုသတ်လိုက်ပါလား"
"သမီးရယ်...ဘယ်လိုပြောလိုက်တာလဲ...ခုဟာက သူ့ဖေဖေနဲ့ သမီးပါးနဲ့ လူကြီးချင်းစီစဉ်ထားတဲ့ ကိစ္စလေ...သမီးတို့က ငယ်သေးလို့ မပြောပြဖြစ်တာ...ခုဆို ၂ ယောက်လုံး အရွယ်ရောက်လာကြပြီလေ...သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုသလို သမီးတို့ကို လက်ထပ်ပေးဖို့ အစီအစဉ်ဆွဲပြီးသွားပြီ"
"ဘယ်လို ဘယ်လို...အစီအစဉ်တွေတောင် ဆွဲပြီသွားပြီ...ဟုတ်လား...မားရယ်...ဘာလို့ သူနဲ့မှလဲ...သူ့အကြောင်းကို မားလည်း သိရဲ့သားနဲ့...သမီးကို ဘယ်တုန်းက အဖတ်လုပ်ပြီး စကားပြောဖူးလို့လဲ"
"သမီးရယ်...သူက လူတိုင်းကို အဲ့လိုဆက်ဆံနေကျမို့ပါ...ပြီးတော့ သူက တကယ်တော့ သနားစရာကောင်းပါတယ်"
"အို...ဘာပဲဖြစ်ဖြစ် သမီး သူ့ကို မယူနိုင်ဘူး...လုံးဝပဲ...လုံးဝမယူနိုင်ဘူး"
"သော်တာ..."
"တီချောလည်း အတူတူပဲ...သမီးကို တစ်သက်လုံး စိတ်ဆင်းရဲစေချင်လို့လား...သမီးမှာ အိပ်မက်တွေ ရှိသေးတယ်...ခုမှ အိပ်မက်တွေကို အကောင်အထည်ဖော်နေတုန်းရှိသေးတယ်"
"အဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ တီချောရော မားရော ဆက်ပြီးမပံ့ပိုးပေးနိုင်တော့ဘူး...သူ့ကိုသာ လက်ထပ်လိုက်ရင် သမီးဘဝ မတောင့်မတ မကြောင့်မကြ နေရမှာ...သမီးဖြစ်ချင်တဲ့မော်ဒယ်တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးတွေပိုများမှာ"
ဒေါ်ချောစုစကားကြောင့် သော်တာ တွေသွားသည်။ သူမ တကယ်ပဲ မော်ဒယ်တစ်ယောက်ဖြစ်ချင်ခဲ့တာပါ။
လူအများရှေ့မှာ ယုံကြည်မှုရှိတဲ့ခြေလှမ်းတွေနဲ့ မိမိရဲ့အလှတရားကို ဂုဏ်ယူဝင့်ကြွားစွာ ပြသချင်ခဲ့
တာပါ။ အိမ်ရဲ့စီးပွါးရေးအခြေအနေကို တစ်စွန်းတစ်စ ရိပ်မိနေတာမို့ သူမ ဖြစ်ချင်တာတွေကိုလုပ်နိုင်ဖို့ဆိုတာအတော်လေးကို ခဲယဉ်းလွန်းနေမည်။
YOU ARE READING