Ep 29

1.2K 57 0
                                    

<Unicode>

💙ဟန်ဆောင်မှု ကင်းမဲ့သော💙
အပိုင်း (၂၉)

"သူက ကိုယ့်ရဲ့အမေပါ"

သူ့စကားသံအဆုံးမှာ အရာရာက ရပ်တန့်
သွားသလို ခံစားလိုက်ရသည်။ အံ့ဩသွား
မိသလို ဘာတစ်ခွန်းမှပြန်မပြောနိုင်အောင်
ဆွံ့အသွားရသည်။

"သော်တာ ကိုယ့်ကိုစိတ်နာသွားပြီလား
ဟင်"

သူပြောတာကို အလေးမထားနိုင်။ အခုချိန်
အတွေးထဲမှာဖြစ်ပေါ်နေတာက ရင်တစ်ခု
လုံးကို ဗြောင်းဆန်နေစေသည်။

'သူက မာမိီ့ကိုသတ်တဲ့သူရဲ့သားဖြစ်နေ
တာလား...ဒါဆို ငါက အဲ့လူရဲ့သားကိုမှ
ချစ်ခဲ့မိတာလား...အဲ့လိုလူကိုမှ
လူသိရှင်ကြားလက်တွဲဖို့ထိ ဆုံးဖြတ်ခဲ့မိ
တာလား'

"သော်တာ..ကိုယ်..ကိုယ်တောင်းပန်ပါတယ်
ကိုယ့်ကိုမုန်းမသွားပါနဲ့နော်"

"ကျွန်မ ပြန်သင့်ပြီထင်တယ်"

ချက်ချင်းဆိုသလို မတ်တတ်ထရပ်လိုက်တဲ့
သော်တာ။ သူမရဲ့မျက်ဝန်းတွေက တစေ္ဆ
တစ်ကောင်လို ခံစားမှုကင်းမဲ့နေသည်။

ခုချိန်မှာ ဟန့်ကို ဘာစကားမှမပြောမိတာ
အကောင်းဆုံးဖြစ်မည်ဟု ထင်မိသဖြင့်
အိမ်ပြန်ဖို့သာ တွေးလိုက်ရတော့သည်။

အားနားစိတ်တွေယိုဖိတ်နေသူ ဟန်မှာ
သူမကို တားနိုင်စွမ်း ကင်းမဲ့လျက် ဆိုဖာ
ပေါ်မှာ တွေတွေကလေး ထိုင်ပြီးသာ
ကျန်ရစ်ခဲ့တော့သည်။

"မာမီ..သမီး မှားသွားပြီလားဟင်..မာမီ့ကို
သတ်ခဲ့တဲ့လူကိုမှ ယောက္ခမတော်ဖို့
ရွေးချယ်ခဲ့မိတယ်...သမီး တကယ်မသိခဲ့
တာပါ မာမီရယ်...အချစ်တစ်ခုတည်းကိုပဲ
ရှေ့တန်းတင်ခဲ့မိပြီး အမှန်တရားကို မသိခဲ့
မိလို့ တောင်းပန်ပါတယ်...သမိီး မှန်ကန်တဲ့
ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား
ချနိုင်အောင် ကြိုးစားပါ့မယ်"

ပါးပြင်ပေါ်ကျဆင်းလာတဲ့မျက်ရည်တွေကို
လက်ခုံနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်ရင်း
ခြေလှမ်းတွေကို ပို၍ ခပ်သွက်သွက်
လျှောက်လာလိုက်သည်။

•••

"ဟင်!...ငါက ဒါကြီးဝတ်ရမှာလား"

"ဘာ..ဒါကြီးလဲ...ဒီလောက်လှတဲ့ဝတ်စုံ
လေးကို...ငါကိုယ်တိုင် ခေါင်းခြောက်ခံပြီး
ရွေးပေးထားရတာ"

ဟန်ဆောင်မှု ကင်းမဲ့သော/ဟန်ဆောင်မှု ကင်းမဲ့သော  Where stories live. Discover now