<Unicode>
💙ဟန်ဆောင်မှု ကင်းမဲ့သော💙
အပိုင်း (၂၆)သူ ပြေးထွက်လာခဲ့လားဆိုတာကို သေချာမသိ
ပေမယ့် သူ့ခြေလှမ်းတွေ မြန်နေတာကိုတော့
သတိထားမိပါသည်။သူ့လက်ထဲက လွတ်ကျသွားခဲ့တဲ့ ကိတ်မုန့်ဗူးလေး
ကတော့ လူနာခန်းရဲ့ကြမ်းပြင်ပေါ်မှာ ပုံစံပျက်ကာ
ကျန်ရစ်ခဲ့ရှာသည်။''ဒါ ဒေါ်မြရွှေရည်ရဲ့ကားပဲ''
''ဟုတ်လား...ဒါနဲ့ သူက ကားပိုင်ရှင်လား''
''တ..တကယ်တော့ သူ့ကားနဲ့ လူတစ်ယောက်ကို
တိုက်မိခဲ့တယ်''သူ့နားနဲ့ ဆက်ဆက်ကြားလိုက်ရလို့သာ ယုံရတာပါ။
ကြားကြားချင်ကဆို သူ့ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားရ
သည်။ဒါတွေက တကယ်ပဲ အမှန်တရားတစ်ခုလား။ သူချစ်
ရတဲ့ သော်တာ့ရဲ့အမေကို ကားနဲ့ တိုက်ပြေးသွားခဲ့
သူက သူ့မာမီဖြစ်နေခဲ့တာလား။"ကိုမင်းဆက်..."
ငယ် နောက်ကပြေးလိုက်လာတာကိုသိတော့
သူ့ခြေလှမ်းတွေကို ပိုမြန်ပစ်လိုက်မိသည်။"ကိုမင်း..အ!"
ငယ့်အသံက တစ်ဝက်တစ်ပြတ်နဲ့ ရပ်တန့်သွား
သဖြင့် စိုးရိမ်စွာ လှည့်ကြညိ့လိုက်မိသည်။"ဟင်!...ငယ်"
ကြမ်းပြင်ပေါ်မှာ ထိုင်လျက်ကလေး လဲကျနေတဲ့
ငယ်။ သူမရဲ့ဘယ်ဘက်လက်ဖျံကို ကျန်တစ်ဖက်နဲ့
အုပ်ကိုင်ထားပေမယ့် လက်ချောင်းကြားထဲမှ စိီးကျ
လာတဲ့ သွေးစက်တွေကြောင့် သူ့ရင်ထဲ ထိတ်သွား
သည်။"ငယ်..ဘာဖြစ်တာလဲ...ဘယ်သူလုပ်တာလဲ"
"မသိဘူး...အနားမှာဖြတ်သွားရင်း ထိမိသွားတာ"
"ဟာ"
သူ ဘေးပတ်လည်ကိုရှာကြည့်ပေမယ့် မသင်္ကာစရာ
တစ်ဦးတစ်ယောက်ကိုမှ မတွေ့ရ။ အလုပ်ကိုယ်စီ
ရှုပ်နေကြတဲ့ ဆေးရုံထဲမှ ဝန်ထမ်းများနဲ့ လူနာရှင်
အချို့ကိုသာ တွေ့ရသည်။"လာ...ဆေးထည့်ရအောင်"
ငယ့်ကို တွဲပွေ့ရင်း ဆေးရုံထဲမှာ တာဝန်ကျနေတဲ့
အသိဆရာဝန်ဆီ လာခဲ့ကာ ဆေးစည်းဖို့ တောင်းဆို
ရတော့သည်။
YOU ARE READING