<Unicode>
💙ဟန်ဆောင်မှု ကင်းမဲ့သော💙
အပိုင်း (၃၀)(ဇာတ်သိမ်းပိုင်း)"ဖုန်းမကိုင်ဘူး"
ငယ် ဖြေသူမရှိတဲ့ဖုန်းလေးကိုကိုင်ရင်း
ရှိန်ဝါ့ဘက်လှည့်ကာ ပြောလိုက်သည်။"ဒီအချိန် သော်တာ့ဆီ ဆက်ရင်တော့
ကိုင်မှာမဟုတ်ဘူး""ဟာ!...မေရီ..ဟုတ်သားပဲ...မေရီ့ဆီ
ဆက်ကြည့်ရမယ်"ငယ် အမြန်ပဲ Mary ဆိုတဲ့ contact လေး
ကို နှိပ်လိုက်သည်။ တစ်ဖက်ကို ဖုန်းဝင်
သွားတဲ့ တီ~တီ ဆိုတဲ့အသံနဲ့အတူ ငယ့်
နှလုံးသွေးတွေလည်း အခုန်မြန်နေရသည်။•••
ကားမောင်းနေရင်းမို့ ဖုန်းကို သေချာ
မကြည့်နိုင်ပေမယ့် bluetooth နဲ့
ချိတ်ထားသဖြင့် တစ်ဖက်ကခေါ်နေ
သည်ကို ဖြေလိုက်သည်။"ဟယ်လို"
^^မေရီ..ငယ်ပါ^^
"ဟင်!"
တစ်ဖက်ကစကားသံအဆုံးမှာ ဘေးနားမှာ
ထိုင်နေတဲ့တစ်ယောက်ကို အလန့်တကြား
ကြည့်လိုက်မိသည်။"ဘာဖြစ်လို့လဲ မေရီ"
သော်တာ့အမေးကို ပြန်မဖြေသေးဘဲ
ဖုန်းထဲကလူကို ရန်တွေ့လိုက်မိသည်။"ရှင် လာနောက်မနေနဲ့...ငယ်က ကျွန်မနဲ့
အတူရှိနေတယ်"^^မဟုတ်ဘူး...အဲ့ဒါ သော်တာ^^
"ဘယ်လို?"
"မေရီ..ဖုန်းချလိုက်တော့"
တစ်ဖက်ကလည်း သူကသာ ငယ်တဲ့။
ဘေးနားကတစ်ယောက်ကလည်း ဖုန်းကို
ဇွတ်ချခိုင်းနေသည်။^^အခု မေရီတို့ ဘယ်သွားနေတာလဲ...
ငယ်တို့ လာခဲ့မယ်^^"မေရီ..ဖုန်းချလိုက်တော့ဆို"
ပြောလည်းပြော၊ လက်ကလည်း ဖုန်းကို
ပိတ်လိုက်သဖြင့် တစ်ဖက်ကလူနဲ့
အဆက်အသွယ်ပြတ်သွားသည်။"ဘာလို့ချလိုက်တာလဲ"
မေရီ ပြောပြောဆိုဆို ဖုန်းကိုဖွင့်ကာ
ပြန်ခေါ်ဖို့ call history ကိုကြည့်လိုက်မှ
ထိပ်ဆုံးမှာရှိနေတာက ငယ် တဲ့။ တကယ်ပဲ
ငယ့်ဖုန်းနဲ့ ဆက်နေတာပဲ။ ဒါဆို ဘေးနားက
တစ်ယောက်က ငယ်မဟုတ်ဘူးလား။
YOU ARE READING