<Unicode>
💙ဟန်ဆောင်မှု ကင်းမဲ့သော💙
အပိုင်း (၁၁)"ရတယ် ကိုသူ...မလာခဲ့နဲ့...ကျွန်တော်တစ်ယောက်
တည်း လျှောက်လည်ချင်သေးတယ်"မင်းဆက် တစ်ကိုယ်တော်ဈေးဝယ်ထွက်လာခြင်း။
ဝယ်တယ်ဆိုတာထက် ဟိုဝင်ဒီဝင်လျှောက်ကြည့်တာ
ပါ။ လမ်းလျှောက်ရင်း ဗိုက်ဆာလာတာနဲ့ နီးရာဆိုင်
တစ်ဆိုင်ထဲ ဗိုက်ဖြည့်နေလိုက်သည်။မျက်နှာကို mask အုပ်ကာ ပါဝါမပါတဲ့မျက်မှန်လေး
ကို တပ်လာပေမယ့် လူမြင်မှာစိုး၍ ထောင့်ကျကျစားပွဲ
လေးမှာ ကုပ်ကုပ်လေးထိုင်စားနေရသည်။'ဟူး....မင်းသားဖြစ်ရတဲ့ဘဝကလည်းနော်...အေးလေ
ငါကိုက အေးဆေးလျှောက်သွားချင်တာကိုး'စားပြီးတဲ့အထိ ဘာမှမထူးခြားသေး။ သို့သော်
bill ရှင်းပြီး ဆိုင်ထဲကအထွက် ဆယ်ကျော်သက်
မိန်းကလေးတစ်စုနဲ့ တည့်တည့်ဝင်တိုးတော့သည်။"ဟယ်!...ကိုမင်းဆက်"
"ကိုမင်းဆက်ဟန်မဟုတ်လား"
mask အုပ်ထားတဲ့ကြားက မှတ်မိနေတော့
သူလည်း အလိုက်သင့်လေး ပြန်ဆက်ဆံလိုက်သည်။
လက်မှတ်ထိုးခိုင်း၍ ထိုးပေးနေတဲ့ခဏအတွင်းမှာ
သူဟာ လူအုပ်ကြီးရဲ့အလယ်မှာ ရောက်နေပြီဖြစ်မှန်း
သတိထားမိသွားသည်။'ဒီပုံစံအတိုင်းဆို ဒီည အိမ်ပြန်ရောက်ပါ့မလားတောင်
မသိဘူး'အတွေးနဲ့ အတူ ဒီလူတွေကြားက ထွက်သွားလို့ရမယ့်
နည်းလမ်းကို အမြန်စဉ်းစားရတော့သည်။
ထိုစဉ် ကိုသူ့ဆီမှဖုန်းဝင်လာ၍ ကြိတ်ပျော်မိသွားသည်။"ဟယ်လို ကိုသူ...ဗျာ!...မေ့သက်လျာလည်း ဒီမှာ
ရောက်နေတယ်...ဟုတ်လား""_ _ _ _ _ _ _"
"ဟုတ်ကဲ့...ခုပဲ သွားခေါ်လိုက်ပါ့မယ်"
မေ့သက်လျာဆိုတဲ့နာမည်ကြောင့် သူ့ကိုဝိုင်းထားတဲ့
လူအုပ်ကြီးက ခဏတာငြိမ်ကျသွားပြီးနောက်
စကားသံများ ကျွတ်စီကျွတ်စီ ထွက်ပေါ်လာသည်။"ဟို...ပရိသတ်များ ခင်ဗျာ...ကျွန်တော် မေ့သက်လျာ
ကို သွားခေါ်ချင်လို့ လမ်းလေးနည်းနည်းလောက်
ဖယ်ပေးလို့ရမလားဗျ"
YOU ARE READING