<Unicode>
💙ဟန်ဆောင်မှု ကင်းမဲ့သော💙
အပိုင်း (၁၆)ဖုန်း screen ပေါ်က ပုံရိပ်တွေကိုကြည့်ရင်း
ဒေါ်မြရွှေရည်တစ်ယောက် အပူမီးတွေ
တောက်လောင်လာတော့သည်။"ရှိန်ဝါလင်း...နင်က ကျိုးကန်းသွားတာတောင်
အမောက်ထောင်လာချင်သေးတယ်ပေါ့...
ရတယ်လေ...နင်က ငါဖောက်နေတဲ့လမ်းရဲ့
အကြီးဆုံး အတားအဆီးတစ်ခုပဲ...နင်ကိုယ်တိုင်
လာပိတ်နေမှတော့ ငါကပဲ အလိုက်တသိနဲ့
ဖယ်ရှားပေးရတော့မှာပေါ့"တစ်ယောက်တည်းရေရွတ်ရင်း ဖုန်းနံပါတ်တစ်ခုကို
နှိပ်လိုက်သည်။"သူ့ကိုအနီးကပ်စောင့်ကြည့်ထား..ရှိန်ဝါလင်းဆိုတာ
အနေအေးတဲ့ မြွေပွေးနော်...သူလုံးဝ မရိပ်မိစေနဲ့...
တစ်ချက်ကလေး မှားသွားတာနဲ့ အားလုံးရှောမှာ""_ _ _ _ _ _ _"
"ကောင်းပြီ...ရှင့်ကို စိတ်ချလိုက်မယ်...ကျွန်မဆီကို
အချိန်တိုင်း သတင်းပို့ဖို့ မမေ့ပါနဲ့"ဖုန်းချအပြီးမှာတော့ ဒေါ်မြရွှေရည် ဆိုဖာပေါ်
ခြေချိတ်ထိုင်ကာ မဲ့ပြုံးတစ်ချက် ပြုံးလိုက်လေသည်။"ရှိန်ဝါ...ရှိန်ဝါ...နင် ပြင်ဦးလွင်ကစံအိမ်မှာ
သွားနေတာက ငါ့မျက်စိအောက်က လွတ်ရုံပဲလို့
ထင်ခဲ့တာ...ဟင်း ဟင်း...နင်က ဒီဘဝရောက်နေ
တာတောင် ငါနဲ့ တစ်ပွဲတစ်လမ်း စမ်းချင်တဲ့သဘော
ပေါ့...နင် ဘယ်ကဘယ်လို သတ္တိတွေရလာတာလဲ"ဒေါ်မြရွှေရည် တစ်ယောက်တည်းရေရွတ်နေရင်းမှ
ရုတ်တရက် သူမမျက်နှာက လုံးဝ ခက်ထန်သွား
သည်။ထိုင်နေရာမှ နံရံမှာချိတ်ထားတဲ့ ဦးနေလင်းရဲ့ဓာတ်ပုံ
ကြီးဆီ တဖြည်းဖြည်းလျှောက်သွားလိုက်သည်။"ကိုနေလင်း...ရှင် ဘာလို့ ကိစ္စတွေကို ရှုပ်အောင်
လုပ်သွားရတာလဲ...အစောကတည်းက
ကျွန်မတောင်းသလောက် ပေးလိုက်ရင် အားလုံး
အဆင်ပြေသွားမှာ...ရှင်လည်း အသက်ရှည်ရှည်
နေရဦးမှာ...ဟား ဟား...ခုတော့ ဘာတတ်နိုင်သေး
လဲ...ဟမ်...ရှင့်သားက ဒုက္ခိတတစ်ယောက် ဖြစ်နေ
တာကို လူတောတိုးဖို့ စဉ်းစားနေသေးတယ်...
ရှင် သူ့ကိုလာကူလိုက်ပါဦး...ဟင်း ဟင်း..ဒါပေမယ့်
ဘယ်လိုလုပ်မလဲ...သိပ်မကြာခင် ရှင့်သားကို
ရှင်နဲ့ ဘဝတူအဖြစ် ပြန်တွေ့ရတော့မှာ...ဟားဟား"
YOU ARE READING