<Unicode>
💙ဟန်ဆောင်မှု ကင်းမဲ့သော💙
အပိုင်း(၈)"ငယ်...ကိုယ်တို့ ပြန်တွေ့ကြပြီနော်"
'ငယ်တဲ့လား...သူပြောတာ လဝန်းငယ်ကိုလား...
ငယ်နဲ့ သူက ဘယ်လိုဖြစ်ပြီး သိနေကြတာလဲ...
ဒါဆို သူက ငါ့ကို ငယ်ထင်လို့ စိုက်ကြည့်နေခဲ့
တာလား'"မင်းဆက်...သူ့နာမည်က ငွေသော်တာပါကွယ့်...
ငယ် မဟုတ်ပါဘူး""ဗျာ !"
"အဟဲ...မင်းဆက်နော်...ခုတလော ဒီနာမည်ကို
ခဏခဏတ နေတယ်လို့ ဝသုန်က ပြောတယ်"မင်းဆက်ကတော့ ဦးဝသုန်ပြောတာမှန်နေတော့
ပြုံးနေလိုက်ပေမယ့် သော်တာကတော့ မင်းဆက်ရဲ့အပြုံးတွေကိုငေးကြည့်ရင်း ရင်ထဲက နာလာသည်။"သမီးသော်တာ...မတ်တတ်ကြီးရပ်မနေနဲ့...လာ...ဒီမှာထိုင်"
ဦးမိုးကောင်းရဲ့ညွှန်ကြားမှုကြောင့် သော်တာ
မင်းဆက်ဘေးက ခုံလေးမှာ အသာဝင်ထိုင်
လိုက်သည်။ မင်းဆက်ကတော့ သူမကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေဆဲ။"ဘယ်လိုလဲ မင်းဆက်...သော်တာက
ချောတယ်နော်""ဟုတ်"
မင်းဆက်က ပြုံးရင်းဖြေလိုက်ပေမယ့် သူ့အဖြေအတွက် သော်တာ ဝမ်းမသာနိုင်ပါ။
'ဘာလို့ ဝမ်းနည်းနေသလိုကြီး ခံစားနေရတာပါလိမ့်...သူက နင့်ရဲ့ idol တစ်ယောက်ပဲ...ပြီးတော့ သူက
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်...သူ့အပေါ် ခံစားချက်
ထားလို့မရဘူးလေ'ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း မျက်နှာကို
တတ်နိုင်သမျှ ပြုံးထားလိုက်သည်။"မင်းဆက်...ခုရိုက်နေတဲ့ဇာတ်လမ်းက ပြီးခါနီးပြီနော်"
"ဟုတ်ကဲ့"
"နောက်အသစ်အတွက်ကို သော်တာနဲ့ တွဲပြီး
သရုပ်ဆောင်ရမယ်...သော်တာ့အတွက် သရုပ်ဆောင်တာက ဒါပထမဆုံးမို့ ကူညီသင်ပြပေးလိုက်ပါဦး""ဟုတ်ကဲ့"
မင်းဆက်ရင်ထဲမှာ ပန်းတွေဝေဆာနေသည်။
သူလွမ်းဆွတ်တမ်းတနေတဲ့ကောင်မလေးက သူနဲ့
တွဲပြီး သရုပ်ဆောင်ရမှာတဲ့လေ။
YOU ARE READING