Ep 20

1K 57 0
                                    

<Unicode>

💙ဟန်ဆောင်မှု ကင်းမဲ့သော💙
အပိုင်း (၂၀)

"ရပါတယ်...ကျွန်တော်သတိလွတ်သွားလို့ ဖြစ်ရ
တာ...ပွန်းတာပဲ့တာပဲ ရှိတာပါ...ဦးလေးတို့
ရှေ့ဆက်သွားပါ...ကျွန်တော်က ကိစ္စမရှိပါဘူး"

'နေပါဦး...ဒီအသံကို ရင်းရင်းနှီးနှီးကြားဖူးပါတယ်'

ငယ် အတွေးနဲ့အတူ driver ဦးလေးကြီးကိုယ်နဲ့
ကွယ်နေတဲ့ ကားနဲ့ တိုက်မိသူကို မြင်ရအောင်
ရှေ့ကိုတိုးကြည့်လိုက်သည်။

"ဟင်!"

"ဟာ!...ငယ်..."

"မင်း..မင်းဆက်..."

သူကလည်း ငယ့်ကို တအံတဩကြည့်နေသလို
ငယ်ကလည်း သူ့ကို မျက်လုံးဝိုင်းလေးများဖြင့်
ပြူးကြည့်နေမိတော့သည်။

"တူမကြီး...အသိလား"

"ဟုတ်"

driver ဦးလေးကြီးရဲ့အမေးကို ဖြေလိုက်ပေမယ့်
ငယ့်အကြည့်တွေက ဟန့်ဆီမှာသာ။

"ငယ် ဘယ်သွားမလို့လဲ"

"ဟို...အိမ်..အိမ်ပြန်မလို့"

"ဒါဆို ကိုယ်လိုက်ပို့မယ်လေ"

"ဟာ...ရတယ်...ငယ်..."

"ကိုယ် ပြောစရာရှိတယ် ငယ်"

ုသူ့ပုံစံက တစ်စုံတစ်ခုကို အသေအချာသိနေပုံ
ပေါက်နေတာကြောင့် ငယ် ခေါင်းညိမ့်လိုက်မိသည်။

ဦးလေးကြီးကို ကျသင့်တဲ့ကားခ ရှင်းပေးပြီး
သူနဲ့ အတူ လျှောက်လာလိုက်သည်။

ကားရပ်ထားတဲ့နေရာရောက်တော့ သူက ကားထဲ
မဝင်သေးဘဲ ငယ့်ကို စေ့စေ့ကြည့်ရင်း

"ငယ် ငိုထားတာလား"

"ဟမ်!...မ..မငိုပါဘူး"

"သော်တာ့မာမီ accident ဖြစ်လို့"

"ရှင်!..ဘယ်..ဘယ်လိုဖြစ်ရတာလဲ..သော်တာ့မာမီ
က နိုင်ငံခြားမှာ မဟုတ်လား"

"အင်း...ဒီနေ့မှ ပြန်ရောက်တာ...အခု ဆေးရုံမှာ
ခွဲစိတ်မှု ခံယူနေရတယ်...သော်တာ့ကို မတွေ့ချင်
ဘူးလား"

"သော်တာ...သူ အဆင်ပြေရဲ့လားဟင်"

ငယ် စိတ်ပူစွာမေးလိုက်ပြီးမှ သူစိုက်ကြည့်နေတာကို
သတိထားမိသွားပြီး တစ်စုံတစ်ခုကို အမှတ်ရသွား
သည်။

ဟန်ဆောင်မှု ကင်းမဲ့သော/ဟန်ဆောင်မှု ကင်းမဲ့သော  Where stories live. Discover now