Ep 15

1K 71 0
                                    

<Unicode>

💙ဟန်ဆောင်မှု ကင်းမဲ့သော💙
            အပိုင်း (၁၅)

"သခင်မလေး..."

ဖွားစိန်လာခေါ်သဖြင့် ငယ် ဖွားစိန်နောက်ကို
လိုက်သွားလိုက်သည်။

မနေ့ညက ရှိန်ဝါက သူ့ရင်ထဲမှာခံစားသမျှကို
ရင်ဖွင့်ပြီး ငယ့်လက်ကိုကိုင်ကာ အိပ်ပျော်သွားခဲ့
သည်။ ငယ်လည်း သူ့ကုတင်ပေါ် ခေါင်းတင်ကာ
အိပ်ပျော်သွားခဲ့သည်။

တစ်ရေးနိုးလို့ ငယ့်အခန်းထဲကို ပြန်လာတော့
မနက် ၃ နာရီပင် ထိုးပြီ။ မှေးခနဲ အိပ်ပျော်သွားခဲ့
ပေမယ့် အကျင့်ဖြစ်နေတဲ့မျက်လုံးက ၅ နာရီကျ
တစ်ခါ ပြန်နိုးလာသည်။

"ဝှါးးးး......"

"သခင်မလေး...မနေ့က အိပ်မပျော်ဘူးနဲ့ တူတယ်"

"ဟုတ်...အိပ်ယာအပြောင်းအလဲကြောင့်"

ငယ် ဒါကိုပဲ လွှဲချမိလိုက်တော့သည်။

ဒေါက်..ဒေါက်..

ဖွားစိန်ခေါ်သွားတာက ၃ ထပ်က ရှိန်ဝါနေခဲ့တဲ့
အခန်းဟောင်းဆီ။

"သခင်မလေး...ဝင်သွားလိုက်ပါ"

"ရှင်!...ဟုတ်ကဲ့"

ငယ်လည်း ဘုမသိဘမသိဖြင့် အခန်းလေးထဲကို
ဝင်လာလိုက်သည်။

"ဟင်!...ရှိန်ဝါ"

အရင်နေ့တွေနဲ့ မတူဘဲ ဝတ်ပုံစားပုံ တစ်မျိုးဖြစ်နေ
တာကြောင့် ငယ့်မျက်စိထဲ တစ်မျိုးဖြစ်နေသည်။

ရှပ်လက်ရှည်အဖြူကို ကြယ်သီးတပ်ပေးနေတဲ့
ကောင်မလေးကို တစ်ခုခုပြောလိုက်တော့
ကောင်မလေးက အခန်းသန့်ရှင်းရေးလုပ်နေတဲ့
တစ်ယောက်ကိုပါ ခေါ်၍ အခန်းပြင်သို့ ထွက်သွား
သည်။ ခုတော့ အခန်းထဲမှာ ရှိန်ဝါနဲ့ ငယ် ၂ ယောက်
ပဲ ကျန်ခဲ့တော့သည်။

"ရှိန်ဝါ...နင် ဘယ်သွားမလို့လဲ"

"အလုပ်သွားရမယ်လေ...ငါလည်း
နားသင့်သလောက် နားပြီးသွားပြီ...လုပ်ရမယ့်
အလုပ်တွေက တောင်လိုပုံနေမှာ သေချာတယ်"

"နင် တကယ် သွားမလို့လား"

"အင်း...ငါ့ကို မကူညီချင်ဘူးလား"

ဟန်ဆောင်မှု ကင်းမဲ့သော/ဟန်ဆောင်မှု ကင်းမဲ့သော  Where stories live. Discover now