Ep 12

1K 64 3
                                    

<Unicode>

💙ဟန်ဆောင်မှု ကင်းမဲ့သော💙
            အပိုင်း (၁၂)

"သော်တာ...ကိုယ့်ကို အားမနာနဲ့နော်"

"ဟုတ်...ဟုတ်ကဲ့"

သော်တာ မင်းဆက်ကို မရဲတရဲလေးကြည့်ရင်း
ခေါင်းညိမ့်ပြလိုက်သည်။

"ကဲ...စမယ်...1...2...3...Action!"

ဇာတ်လမ်းထဲမှာ ဆရာလေးကို မိအေးက ရွာဦးစေတီ
ဆီကို လိုက်ပို့ပေးသည့်အခန်း ဖြစ်သည်။

လေတဟူးဟူးတိုက်နေတဲ့ လယ်ကန်သင်းရိုးလေးပေါ်
မှာ လမ်းလျှောက်ရင်း မိအေးတစ်ယောက်
အပျော်ကြီး ပျော်နေသည်။ 

"အေး...အရမ်းပျော်နေပါလား...ပျော်စရာကိစ္စ
ရှိနေပြီနဲ့ တူတယ်"

"ပျော်တာပေါ့ ဆရာရဲ့...နက်ဖြန်ဆို
အေးရောက်ဖူးချင်တဲ့ ရန်ကုန်ကို သွားရတော့မှာ...
အင်းမ်...သွားဖူးချင်တဲ့နေရာကိုသွားရမှာမို့ပျော်ပေမယ့်
သေချာစဉ်းစားကြည့်တော့လည်း ရွာနဲ့ တစ်ခါမှ
မခွဲဖူးတော့ စိတ်ထဲတစ်မျိုးကြီးပဲ ဆရာရဲ့"

စိတ်ထဲရှိသမျှကို ရိုးသားပွင့်လင်းစွာပြောပြနေတဲ့
မိအေးကို ဆရာလေး အပြုံးလေးနဲ့ ငေးကြည့်နေမိ
သည်။ သနပ်ခါးပါးကွက်ကြား မထူမပါးလေးနဲ့
ကျစ်ဆံမြီးလေးကျစ်ထားတဲ့ မိအေးရဲ့အလှက
မျက်စိအေးလှသည်။

"အေး..."

"ရှင်"

မိအေးရဲ့ပြန်ထူးသံကြောင့် ဆရာလေး ကျေနပ်စွာပြုံး
လိုက်သည်။ တကယ်တော့ မိအေးက အရင်ကဆို
ကြမ်းကြမ်းတမ်းတမ်းနေခဲ့တာပါ။ ဆရာလေးက
မိအေးရဲ့အပြောအဆို အပြုအမူတွေကို နူးညံ့သိမ်မွေ့
အောင် အချိန်ယူကြိုးစားသင်ပေးခဲ့တာကြောင့် ခုဆို
မိအေးတစ်ယောက် လိမ္မာယဉ်ကျေးတဲ့မိန်းမလှလေး
တစ်ယောက် ဖြစ်နေပါပြီ။

"ဆရာ...ဂရုစိုက်လျှောက်နော်...မနေ့ညက မိုးရွာ
ထားတော့ မြေကြီးတွေက လျှောနေတယ်"

ဆရာလေးလည်း မိအေးပြောသလို သေချာဂရုစိုက်ပြီး
လျှောက်နေလိုက်သည်။

"အား!...အမေ့!"

တကယ်တမ်းချော်လဲသွားသူက မိအေး။ ဆရာလေး
လည်း မိအေးကို လဲမကျအောင်ကူထိန်းပေးလိုက်ရင်း
ရင်ချင်းနီးကပ်သွားသည်။

ဟန်ဆောင်မှု ကင်းမဲ့သော/ဟန်ဆောင်မှု ကင်းမဲ့သော  Where stories live. Discover now