Ep 25

1K 66 0
                                    

<Unicode>

💙ဟန်ဆောင်မှု ကင်းမဲ့သော💙
အပိုင်း (၂၅)

သူက ဘယ်သူလဲဆိုတာ ငယ်မသိပါ။ ငယ်သိတာ
က ခုချိန်မှာ အရမ်းကြောက်နေတယ်ဆိုတာပါပဲ။

"ဩ...သော်တာပါလား...ဟားဟား...အင်း..ဒီနေ့
ကံကောင်းတယ်ပဲ ပြောရမလား...ငါးဖမ်းတာကို
ပုစွန်ပါ မိတယ်ဟ"

သူ့စကားကြောင့် ငယ့်တစ်ကိုယ်လုံး တုန်တက်သွား
သည်။ သူက ဘယ်သူလဲ။ သော်တာ့ကိုသိနေတယ်
ဆိုတော့ သော်တာနဲ့ ဘယ်လိုပတ်သက်နေတာလဲ။

သေချာတာကတော့ ကောင်းသောပတ်သက်မှု
မဟုတ်ဘူးဆိုတာပါပဲ။

"အ!"

"ဟင်!...အစ်မ..ဘာဖြစ်သွားတာလဲ"

"ဗိုက်..ငါ့ဗိုက်"

"ဟာ!..."

ဗိုက်ကိုစမ်းရင်း ညည်းညူနေတော့ ငယ့်အကြည့်က
သူမဗိုက်မှတစ်ဆင့် ခါးအောက်ပိုင်းကို အကြည့်
ရောက်သွားသည်။

အဖြူရောင်ဂါဝန်တိုလေး ဝတ်ထားတဲ့သူမရဲ့
ခါးအောက်ပိုင်းမှာ အနီရောင်သွေးကွက်ကြီးက
ထင်းနေတော့ ငယ့်ရင်ထဲထိတ်သွားသည်။

"အ!..နာတယ်...ဟင်!...လင်းမြတ်ဇော်!"

ထိုမိန်းကလေးမှာ ညည်းညူနေရင်းမှ ထိုလူ့ကို
မော့ကြည့်ရင်း စူးစူးဝါးဝါးအော်လိုက်တော့သည်။

"နင်..နင် ငါ့ကလေးကို သတ်ပစ်တယ်"

"ဟားဟား....တကယ်တော့ ၂ ယောက်လုံးကို
သတ်ဖို့ကြံခဲ့တာ...အဟဲ..ခုတော့ ၃ ယောက်
ဖြစ်သွားပြီ"

"ဟင်!"

"သော်တာ..ဘယ်လိုလုပ်မလဲ...မင်းကို ခုလို
ရက်စက်ဖို့အထိတော့ မရည်ရွယ်ခဲ့ပါဘူး...ဒါပေမယ့်
မင်းက မဆိုင်တဲ့ကိစ္စမှာ ဝင်ပါချင်တာကိုး"

"လင်းမြတ်ဇော်..နင် သူ့ကို မထိနဲ့နော်"

"ဟားဟား...မ ရာ..ဘာတွေ တွေးကြောက်နေ
တာလဲ...စိတ်ချ...မောင်က မကိုရော သူ့ကိုပါ
တစ်ချက်တည်းနဲ့ ဇီဝိန်ချုပ်ပေးမှာ..ဟားဟား"

"နင်ရူးသွားပြီ လင်းမြတ်ဇော်"

"ဟားဟား...ဟုတ်တယ်...ကျုပ်ရူးသွားပြီ...အဲ့ဒါ
ခင်ဗျားကြောင့်...ခင်ဗျားကြီး ကျုပ်ဘဝကိုထိန်းချုပ်ဖို့
ကြိုးစားခဲ့လို့ ခုလိုတွေဖြစ်လာရတာ"

ဟန်ဆောင်မှု ကင်းမဲ့သော/ဟန်ဆောင်မှု ကင်းမဲ့သော  Where stories live. Discover now