Ep 10

1.1K 68 0
                                    

<Unicode>

💙ဟန်ဆောင်မှု ကင်းမဲ့သော💙
အပိုင်း (၁၀)

"မင်း ပြန်လို့ရပြီ"

ရှိန်ဝါ့စကားကို ငယ် တုန့်ပြန်မနေတော့ဘဲ
ဗန်းလေးကိုကိုင်ကာ အခန်းပြင်သို့ ထွက်လာလိုက်သည်။

"အမေ့!...ဖွားစိန်...ဘယ်သူ့စောင့်နေတာလဲ"

အခန်းတံခါးဖွင့်လိုက်တော့ ဖွားစိန်ကို မတ်တတ်ကြီး တွေ့လိုက်ရတာမို့ လန့်သွားမိ
သည်။ ဘာကြောင့်မှန်းမသိ။ ဖွားစိန်ကို
ကြည့်ရတာ ငယ့်ကို အားနာနေပုံရသည်။

"ဟို...သခင်မလေး..."

"ပြောပါ ဖွားစိန်"

ဖွားစိန်က ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရင်း

"ကျွန်မနဲ့ ခဏလိုက်ခဲ့ပေးပါလား...ပြောစရာလေး
ရှိလို့ပါ"

"ဟုတ်ကဲ့...ရပါတယ်"

ဖွားစိန်လည်း ငယ့်ကို အခန်းတစ်ခုထဲ ခေါ်လာသည်။ အခန်းထဲက အသုံးအဆောင်တွေအရတော့ ဒီအခန်းက ဖွားစိန်ရဲ့အခန်းဖြစ်ပုံရသည်။

"သခင်မလေး...ဒီမှာထိုင်ပါ"

ငယ့်ကို ထိုင်ခုံတစ်လုံးမှာထိုင်ခိုင်း၍ သူမကတော့
ငယ့်ရှေ့နားမှာ မတ်တတ်ရပ်နေပြီး တစ်ခုခုပြောဖို့ဟန် ပြင်နေသည်။

"ဖွားစိန်လည်း ထိုင်လေ...ပြီးတော့ ကျွန်မကို
သခင်မလေးလို့ မခေါ်ပါနဲ့...နေရခက်လို့ပါ"

"မခက်ပါနဲ့ သခင်မလေး...ကျွန်မက ဒီမိသားစုရဲ့
အစေခံမို့ ဒီမိသားစုရဲ့ဆက်ခံသူတွေကို တလေးတစားဆက်ဆံရမှာက ကျွန်မရဲ့တာဝန်ပါ"

"ဒါပေမယ့် ကျွန်မက ဒီမိသားစုရဲ့ဆက်ခံသူမှ
မဟုတ်တာ"

"ခုမဟုတ်သေးပေမယ့် သခင်လေးနဲ့ လက်ထပ်ပြီးတဲ့အခါ သခင်မလေးကလည်း ဒီမိသားစုရဲ့ဆက်ခံသူဖြစ်လာမှာပါပဲ"

'ဒါဆို သော်တာက စိန်နားကပ်အရောင်ကြောင့်
ပါးပြောင်ရတဲ့သဘောပေါ့'

ငယ် စိတ်ထဲမှတွေးလိုက်ရင်း သက်ပြင်းချလိုက်သည်။

"ဟင်း...ထားပါတော့...ဒါနဲ့ ဖွားစိန် ကျွန်မကို
ပြောစရာရှိနေသလိုပဲ"

ဟန်ဆောင်မှု ကင်းမဲ့သော/ဟန်ဆောင်မှု ကင်းမဲ့သော  Where stories live. Discover now