<Unicode>
💙ဟန်ဆောင်မှု ကင်းမဲ့သော💙
အပိုင်း (၂၇)''ခင်ဗျားတို့..အနားကပ်မလာနဲ့နော်''
''ကပ်တော့ ဘာဖြစ်လဲ...အခု မင်းက
ငါတို့လက်ခုပ်ထဲက ရေပဲ...ငါတို့ပြုသမျှ
နုရတော့မယ့်အခြေအနေဆိုတာ
နားလည်ထား''"သွားကြစမ်း...အနားမလာနဲ့နော်...
သွားကြ...ကယ်ကြပါဦး...ကျွန်တော့်ကို
အနိုင်ကျင့်တော့မယ်...အမေရေ...ကယ်ပါ...
ဘယ်သူရှိလဲ...ကယ်ကြပါ...အား!...သွားကြ..
သွားစမ်း!!"မျက်လုံးမဖွင့်သေးဘဲ အော်ပြဲနေတဲ့
နွေမကိုကြည့်ပြီး သူ့ခမျာ ရယ်ရခက်
ငိုရခက်ဖြစ်ပြီး ထိုင်ရမလိုလို ထရမလိုလိုနဲ့
ဗျာများနေရသည်။"အမိ..ဒီမှာ...အမိ..သတိထားဦးလေ"
"ဟင်!"
ပုခုံးကိုကိုင်၍ လှုပ်နှိုးလိုက်မှ မျက်လုံးလေး
တစ်ဝက်လောက် ပွင့်လာသည်။ လူကို
မြင်တော့ မျက်လုံးက အပြည့်အဝ ပြူးသွား
သည်။"ကျွန်တော်က ဒီ ဒီကို ဘယ်လိုလုပ်
ရောက်လာတာလဲ...ခ ခင်ဗျားကရော...
သူတို့နဲ့ ကြံရာပါလား"ပြောရင်းဆိုရင်း သူမခန္ဓာကိုယ်အပေါ်ပိုင်း
ကို လက် ၂ ဖက်နဲ့ ကာလိုက်သဖြင့်
သူ့မျက်ခုံးတို့ အော်တိုမစ်တစ် တွန့်ကွေး
သွားသည်။ ဒါ စေတနာကို စော်ကားခံ
လိုက်ရတာ။"ဒီမှာ အမိ!!"
ဆောင့်ကြီးအောင့်ကြီးထွက်ပေါ်လာတဲ့
သူ့အသံသြသြကြောင့် နွေမကိုယ်လေး
ဆက်ခနဲ တုန်သွားသည်။ ခုလိုကျတော့
လည်း သူမကို သနားမိသည်။
ဘယ်လောက်တောင် ကြောက်နေခဲ့ရှာမလဲ။"ဆောရီး..ကိုယ် မအော်ခဲ့သင့်ဘူး...
ကိုယ် မင်းကို ဘာမှမလုပ်ဘူး...မင်းကို
ဘယ်သူမှ ဘာမှမလုပ်ခဲ့ဘူး""ဒါ ဒါဆို ဟိုလူတွေကရော?"
"စခန်းရောက်ကုန်ပြီ"
"ဟင် !"
"ဟုတ်တယ်...အချိန်မီ ကယ်လိုက်နိုင်တယ်
ကိုယ်သာ အရောက်နောက်ကျရင်...""တော်ပါတော့...ဆက်မပြောပါနဲ့"
အလောတကြီးတားလိုက်တဲ့ နွေမစကား
ဲကြောင့် သူဆက်ပြောမယ့်စကားစတို့
ရပ်တန့်သွားသည်။
YOU ARE READING