Ep 18

951 61 0
                                    

<Unicode>

💙ဟန်ဆောင်မှု ကင်းမဲ့သော💙
အပိုင်း (၁၈)

"တောက်!"

မခံချင်စိတ်နဲ့ ဒေါသဖြစ်ကာ တောက်ခတ်လိုက်
ပေမယ့် မျက်စိရှေ့မှာ သူကရှိမနေတော့။

ငယ်ငယ်တုန်းကတည်းက မအေထက် ဖအေ့ကို
အချစ်ပိုခဲ့တဲ့သားကြီး။ သားငယ်ကတော့ သူမကို
ပိုပြီးခင်တွယ်တာမို့ တကယ်တမ်း ကွဲမယ်ကွာမယ်
ဖြစ်လာတဲ့အခါ သားငယ်ကိုသာ သူမနဲ့အတူ
ခေါ်လာခဲ့လိုက်သည်။

ငယ်ငယ်က သူမအမြင်မှာ အသုံးမကျတဲ့ကလေး
တစ်ယောက်လို့ထင်ခဲ့မိတဲ့ မင်းဆက်ဟန်က
ခုတော့ နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်
ဖြစ်နေပြီတဲ့လေ။

တစ်ခါက မထင်မှတ်ဘဲ သူ့ကိုအင်တာဗျူးလုပ်တဲ့
ပွဲတစ်ခုမှာ သူပြောသွားတဲ့စကားက သူမကို
နေမထိထိုင်မသာဖြစ်အောင် လုပ်ခဲ့သေးသည်။

''ကျွန်တော့်အမေက ကျွန်တော် ၁၅ နှစ်သားအရွယ်
တုန်းက ဆုံးသွားခဲ့ပါတယ်...ဖေဖေကလည်း မကြာ
သေးခင်တုန်းကမှ လူ့ဘဝကနေ စွန့်ခွါသွားခဲ့ပါတယ်
ခုချိန်မှာ ကျွန်တော်က မိဘမဲ့တစ်ယောက်ပါ...
ဒါပေမယ့် ကျွန်တော်ဟာ တစ်ကောင်ကြွက် မဟုတ်
ပါဘူး...ကျွန်တော့်ကိုအားပေးချစ်ချင်ပေးကြတဲ့
ကျွန်တော့်ရဲ့ပရိသတ်တွေဟာ ကျွန်တော့်အတွက်
မိသားစုဝင်တွေပါပဲ'' တဲ့လေ။

'ဟွန်း...ငါမွေးပေးလို့ လူဖြစ်လာတဲ့အကောင်ကများ
ငါ့ကို မိန်းမပျက်တဲ့...နင်တော့ ကံကြီးထိုက်တော့
မယ်'

>>>>>>>ဟန်ဆောင်မှု ကင်းမဲ့သော<<<<<<<

'ကျွန်တော့်ကို မတတ်သာလို့မွေးခဲ့ရတယ်ဆိုတာ
ကျွန်တော်သိပါတယ်...မာမီလိုချင်တာမရတဲ့
အခါတိုင်း..ဒယ်ဒီနဲ့ စကားများရတဲ့အခါတိုင်း
ကျွန်တော့်ကိုဖျက်ချဖို့ ကြိုးစားခဲ့ဖူးတယ်ဆိုတာ
ကိုလည်း ဖွားပြောပြခဲ့လို့ ကျွန်တော်သိပြီးပါပြီ...
ကျွန်တော့်ကိုမွေးပြီး နို့ဦးရည်တောင်မတိုက်ခဲ့တဲ့
မာမီက အလှပျက်မှာစိုးပြီး နို့ဘူးပဲတိုက်ခဲ့တယ်
ဆိုတာကိုလည်း သိပါတယ်...ကျွန်တော့်ကို
အပြင်ခေါ်သွားရမှာရှက်လို့ နေမကောင်းဖြစ်နေတဲ့
ဖွားလက်ထဲ ကျွန်တော့်ကိုအတင်းထိုးပေးပြီး
ထိန်းခိုင်းခဲ့တာကိုလည်း မှတ်မိပါသေးတယ်...
ကျွန်တော်နေမကောင်းဖြစ်တဲ့ အချိန်မှာတောင်
တီဗီအကြည့်မပျက် အလှပြင်မပျက်တဲ့မာမီက
ကျွန်တော့်ကို တစ်စက်ကလေးတောင်မချစ်ခဲ့ဘူး
ဆိုတာကိုလည်း အဲ့ကတည်းက ကျွန်တော်
သေချာသိခဲ့ရတယ်...ဒါတွေအားလုံးက
အမှတ်သညာကြီးလို့ မှတ်မိနေတာ မဟုတ်ပါဘူး...
ကျွန်တော်နာကျင်ခဲ့ရတာတွေက လုံးဝမမေ့နိုင်တဲ့
အမာရွတ်တွေအဖြစ် ပြောင်းလဲသွားလို့ပါ'

ဟန်ဆောင်မှု ကင်းမဲ့သော/ဟန်ဆောင်မှု ကင်းမဲ့သော  Where stories live. Discover now