အခန်း ၁: အက်စတွန်ဇက်

38.2K 1.8K 39
                                    

Zawgyi

"နာလိုက္တာ..."

သောက်ကျိုးနဲ... ဘာကြောင့် ငါ့ပါးစပ်က စကားသံထွက်မလာတာလဲ????

"ဘာတွေဖြစ်ကုန်တာလဲ..."

အချက်အလက်တွေဟာ ငါ့စိတ်ထဲမှာ ဖြတ်ကနဲပေါ်မလာခင်ကလေးမှာပဲ ငါဟာ Bob ရဲ့ ခပ်ရွှင်ရွှင် ရယ်မောသံကိုကြားလိုက်ရတယ်...

ကမ္ဘာကြီးရဲ့အဆုံးသတ်ဟာရောက်လာခဲ့ပြီ... သူ့အပေါ်မှာ အသက်ရှင်နေထိုင်နေတဲ့ သက်ရှိတွေအားလုံးအပါအ၀င် သူကိုယ်တိုင်ပါ ပြန်လည်ကုစားဖို့တောင်မဖြစ်နိုင်လောက်အောင် ပျက်စီးနေပြီးဖြစ်တဲ့ ကမ္ဘာဂြိုလ်တစ်ခုထဲကို ငါဟာ ၀င်စားသွားမိတာဖြစ်တယ်... တိုင်းပြည်ပေါင်းများစွာနဲ့ မြေထုပေါင်းများစွာ ပါဝင်ဖွဲ့စည်းတည်ဆောက်ထားခဲ့တဲ့ကြီးမားတဲ့ ကမ္ဘာကြီးဟာ ပင်လယ်ရေရဲ့ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး Tris (သုံးမျိုးစု) ဆိုတဲ့ တိုက်ကြီး တစ်ခုကိုသာ အသက်ရှင်ရာ မြေအဖြစ် ချန်ထားရစ်လေတယ်... Harika, Malum နဲ့ Inops ဆိုတဲ့ မတူညီတဲ့လူမျိုးစုသုံးစုပါဝင်ဖွဲ့စည်းထားခြင်းကြောင့်ပဲ Tris ဆိုတဲ့ အမည်နာမဖြစ်ပေါ်လာခြင်းဖြစ်လေတယ်...

Harika ဆိုတာကတော့ ဒီကမ္ဘာမြေပေါ်မှာ နောက်ဆုံးကျန်ရှိခဲ့တဲ့ အစိမ်းရောင် နယ်မြေတစ်ခုပါပဲ... သစ်သီးဝလံတွေ၊ ခမ်းနားကြီးကျယ်ခြင်းနဲ့ ကြွယ်ဝချမ်းသာခြင်းတို့နဲ့ပြည့်လျှံနေခြင်းကြောင့် Harika ဟာ ရွှေရောင်မြို့တော်အဖြစ်တင်စားခံရပြီး ထိုမြို့တော်မှာတော့ ကြွယ်ဝပြီး အာဏာရှိသူတွေသာ နေထိုင်ကြလေတယ်... မြို့တော်ဟာ ကြီးမားလှတဲ့ သံထုထည် နံရံကြီးနဲ့ ကာရံထားပြီး သီးခြားဆန်လှတဲ့ နယ်မြေဖြစ်တာကြောင့် Harika မှာရှိတဲ့ လူတွေဟာ မြင့်မြတ်တဲ့ မျိုးနွယ်စုတစ်စုလို နေထိုင်ကြပြီး သူတို့မှာ ဆာလောင်မွတ်သိပ်ခြင်းအတွက်စိုးရိမ်ပူပန်စရာတွေမလိုအပ်ပဲ သက်တောင့်သက်သာရှိလွန်းလှတယ်...

Malum ကတော့ Harika နဲ့ လုံးဝမတူပဲ ဆန့်ကျင်ဘက်ဖြစ်လို့နေတယ်... အေးစက်ပြီး အန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့ အေးစက်တဲ့သဲကန္တာရအတွင်းမှာ တည်ရှိနေတဲ့ အမှောင်မြို့တော်တစ်ခုပါပဲ...

2. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-7 (အက်စတွန်ဇက်)Donde viven las historias. Descúbrelo ahora