'ရောက်နေတာ ကြာပြီလား ကောင်းကင်..'
'ခင်ဗျာ....aww မကြာသေးဘူးဗျ..ခုနလေးတင်ပဲ'
'အစောကြီး ပဲနော်'
'ဟုတ်တယ်...bus ကားကျပ်လို့ အိမ်က စောစောထွက်လာတာ😁'
'Awww ဘယ်မှာနေတာလဲ..'
'ကျွန်တော် က ၁၀ မိုင်မှာ အဆောင်ငှါးနေတာ.'
'ဝေးသားပဲ...'
'ဟုတ်ကဲ့ ကိုရဲရင့်သွေးကကော...'
'ဟား..တော်ပါတော့ကွာ..မင်းနဲ့ငါနဲ့ အသက်ချင်းတူတူပဲ...ကျွန်တော်တွေ ဘာတွေ လုပ်မနေပါနဲ့..မင်းနဲ့ငါပေါ့..မင်းအဲလို တရိုတသေပြောနေတော့ ငါ့ကိုယ်ငါ အသက်ကြီးသွားသလို ခံစားရတယ်...'
'Sorry ပါ...ကျွန်တော်...အာ...ငါ က အဲလိုပဲ ပြောနေကြမို့လို့..အခုက စပီး ကျွန်တော်...ငါ ပြင်ပါ့မယ်...'
'😂😂 အေးပါကွာ...ငါက သင်္ကန်းကျွန်း မှာနေတာ..'
'awwwww'
'သိလို့လား..'
'မသိဘူး...😁'
'နောက်တော့ သိလာမှာပေါ့...စာတွေလွတ်သွားတာတွေ နားမလည်ရင် ပြန်မေးနော်..'
'ဟုတ်...အေး...ကျေးဇူးပဲ..'ကျွန်တော်တို့တွေ သိပ်မရင်းနှီးသေးတော့ မြတ်နိုးရဲ့ အကြံပေးချက်အတိုင်း ကျောင်းပြေးပြီး ရုပ်ရှင်သွားကြည့်ကြတယ်လေ...ပျော်ဖို့တော့ကောင်းတယ်ဗျ..ကျွန်တော့်ဘဝမှာ တစ်ခါမှ ကျောင်းမပြေးဖူးခဲ့ဘူး...အခုက ပထမဆုံးပဲ...ပထမဆုံး ကျောင်းပြေးပြီး ရုပ်ရှင်ကြည့်တယ်...မုန့်သွားစားတယ်...ပြီးတော့ ဂိမ်းတွေတူတူဆော့တယ်....
ဒီနေ့ ကျွန်တော်တို့ ၄ယောက်လုံး canteen မှာဆုံနေကြချိန် ကောင်မလေးတစ်ယောက်......ချစ်စရာလေးဗျ..ဖြူဖွေးဖွေး အသားရောင်လေး..ပန်းနုရောင် ပါးနီလေးရယ်..ရယ်လိုက်တော့ပေါ်လာတဲ့ပါးချိုင့်လေး...ပိန်သွယ်သွယ် ခန္ဓာကိုယ် အချိုးအစားနဲ့....လူကြိုက်များပြီး popular ဖြစ်လောက်တဲ့ မျက်နှာမျိုးဗျ...သူကတစ်ဖြေးဖြေးနဲ့ ကျွန်တော်တို့ဝိုင်းနားရောက်လာပြီး ရဲရင့်ကို..
'ရဲရင့်..'
ကိုယ်တော်ချောက ပြန်မထူးပဲ တစ်ချက်သာကြည့်ပြီး မျက်နှာလွှဲလိုက်တယ်
YOU ARE READING
Love Affair (ZG + Uni) (Completed)
Teen Fictionငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တစ်ယောက်တည်းကိုပဲ... #ရဲရင့်သွေး ငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တ...