ကျနော့်ချစ်လှစွာသော ချစ်သူက ညစာချက်ကျွေးမယ်တဲ့ဆိုလို့ ဒီနေ့ အဆောင်မပြန်တော့ဘဲ သူ့အိမ်ပဲလိုက်လာလိုက်တယ်..ပြန်ရောက်ရောက်ချင်း ကျနော့ကို ရေချိုးခိုင်းပြီး သူကတော့ ထမင်းစားခန်းထဲ တန်းဝင်သွားလေရဲ့...
ကျနော်သူ့ကို အမှတ်တရတခုခုလုပ်ပေးချင်သေးတယ်..အစားမက်တဲ့ ကျနော့ချစ်သူအတွက် အစားအသောက်သည်သာ အကောင်းဆုံးအမှတ်တရ ဖြစ်ပေလိမ့်မည်...ဒါနဲ့ပဲ အပြန် city mart ခဏ ဝင်ပြီးလိုတာလေးတွေဝယ်ခဲ့တယ်..ဒီနေ့ညရဲ့ special menu က spaghetti နဲ့ red wine...ကျနော် ဝတ်ထားတဲ့ uniform ကို လက်ခေါက်တင်ပြီး apron ဝတ်ပြီး ချက်ပြုတ်ခြင်းကို စတင်လိုက်တယ်....ညှပ်စိ ရေချိုးတာကြာလိုက်တာ..ခေါင်းလျှော်နေတာလားမသိဘူး..ဖျားဦးမယ်...စဉ်းစားရင်း စိတ်ပူလို့နောက်မဆုံးသေးဘူး ကျနော့်ကို ခါးကို နောက်ကလှမ်းဖတ်ပြီး ကျနော့်ကျောကုန်းကို ခေါင်းမှီထားတဲ့ ကလေးလေး
'ခေါင်းလျှော်နေတာလား ဖျားဦးမယ်'
'မဖျားပါဘူး မြန်မြန်လျှော်ပြီး မြန်မြန်ခြောက်အောင်သုတ်ထားတယ်...'
'စကားကတော့ တတ်ပါ့..'ပြောပြောဆိုဆိုနဲ့ ကျနေ့ကျောကုန်းကို နှုတ်ခမ်းလေးနဲ့ဖိကပ်နမ်းလိုက်တော့...
'ချွေးနံတွေထွက်နေတယ်လေ..'
'ဟင့်အင်း မင်းချွေးနံကို သဘောကျတယ်'
'ဟားဟား...ကောင်းရာ..ကလေးလေးရာ..'ကျနော် လက်ပြန်နဲ့ သူ့ပါးလေးကို ဆွဲညှစ်ရင်း..
'ဒါလေးတွေ ပန်းကန်ထဲပြောင်းထည့်ပေးထား..ရေသွားချိုးလိုက်ဦးမယ်...'
'အင်း...'
.
.
.
'ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့ mock test ဖြေရမှာနော် Service Quality'
'အေးနော်..ငါ service quality မကြည့်ရသေးဘူး'
'အပိုတွေပြောပြန်ပြီ..မင်းအမြဲ အမှတ်မများဆုံးရနေကြပဲကို..'
'ဟဲ့ မင်းခန့် စွတ်မပြောနဲ့လေ..အရင်က ကောင်းကင်က single အခု ဘဲရသွားတော့ သူစာလုပ်ဖို့ ဘယ်အချိန်ရှိတော့မလဲဟ..တခြားလုပ်စရာတွေပေါ်လာပီလေ အဟိ'
'မြတ်နိုးမေ...နင်စကားအကောင်းပြောပါလားဟာ..'
'ဟဲ့ ငါအကောင်းပြောနေတာပဲလေ...နော် ရဲရင့်...လုပ်စရာတွေပေါ်လာပီမလား...'
'မိန်းကလေးတန်မဲ့ အဲလိုတွေပြောနေလို့ နင်ဘဲမရတာ သိလား...'
'ကောင်စုတ်တွေ...ငါဘဲမရှိတဲ့ကိစ္စပဲ လိုက်ပြောနေကြတယ်..ငါကလေ...ငါရဖို့ထက် ငါ့သားတွေအတွက် ငဲ့ညှာပေးနေလို့ဟဲ့ 😒😒'
'မရရင် မရဘူးပေါ့...နင့်ကိုကော ဘယ်သူက ကြိုက်မှာတဲ့လဲ '
'သေနာ 😒😒😒'
'တော်ပီ စကားအပိုတွေမပြောနဲ့ ငါ library သွားမလို့ ဘယ်သူလိုက်မှာလဲ'
'ရဲရင့်...ငါလိုက်မယ်...'
'အေး မင်းခန့်လာ...နင်လိမ်လိမ်မာမာနေခဲ့..ကောင်း...စာလုပ်နေနော်..အဲဒီ့ FA မနဲ့ စကားမပြောနဲ့...သူက ကောင်းလေးကို မဟုတ်တာတွေ သင်ပေးလိုက်လိမ့်မယ်..'
'အင်းပါ..ဂရုစိုက်သွားနော်'
'အင်း 😘😘'
YOU ARE READING
Love Affair (ZG + Uni) (Completed)
Dla nastolatkówငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တစ်ယောက်တည်းကိုပဲ... #ရဲရင့်သွေး ငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တ...