A/N......အဟမ်း kiss sence အကြီးစားကြီးပါပါတယ်.....16+ ပါနော်..မေ့ပျောက်ဖို့ ခက်လွန်းနေပေမယ့် သူ့ကို မေ့ဖို့အတွက် ဆုံးဖြတ်လိုက်ပြီ အရမ်းပင်ပန်းပေမယ့်လို့ပေါ့...အချိန် က ကုစားသွားမှာပါဆိုတာဟာ..လူတွေရဲ့လက်ဆွဲစကားတစ်ခွန်းလို...အချိန်....အဲဒီ့အချိန်ဆိုတဲ့ ပမာဏ က ဘယ်လောက်ကြာမှာလဲ??? အဲဒါက သူ့အပေါ်ထားခဲ့တဲ့ ကိုယ့်အချစ် ပမာဏနဲ့ ဆိုင်တယ်တဲ့....ဒါဆိုရင်တော့ သေချာပြီ.....နောက် ၁၀ နှစ်လောက်အထိများလား????ရှေ့ဆက်တိုးနေလို့လည်း မလွယ်တော့တဲ့ လမ်းမှာ နောက်ဆုတ်ဖို့ဆိုတော့လည်း ခက်ခဲလှပြန်ပြီ....ဒါပေမယ့် တစ်ဖက်သတ်နာကျင်နေရတာကိုတော့ မုန်းနေပြီ....အဲတော့....ငါ တစ်ကိုယ်ကောင်းဆန်ဖို့ ဆုံးဖြတ်လိုက်ပြီ....မင်းကို မေ့နိုင်အောင်ကိုမေ့မယ်.....
Flash back~~~~~~
အဲ့နေ့က ကျနော် night shift ဆင်းတဲ့နေ့ပေါ့...ကိုရှိုင်းက off တယ်...ဒါပေမယ့် ကျနော်တစ်ယောက်တည်းဖြစ်နေမှာ စိုးလို့တဲ့ သူ duty ကို change ပြီး ကျနော်နဲ့အတူ night လိုက်ဆင်းပေးတယ်.....အလုပ်တွေ အားလုံးပြီးတော့ ည ၂နာရီ ထိုးနေပြီ...ပုံမှန်ဆိုရင်တော့ တခြားသူတွေက reception မှာပဲ ခိုးအိပ်ကြတယ်...အိပ်ခွင့်ပေးတဲ့ hotel တွေဆို ခိုးအိပ်စရာတောင်မလိုဘူး...ကျနော်ကကြတော့ အဲလိုမျိုး မအိပ်တတ်တာနဲ့ night ဆင်းတိုင်း ဖုန်းထိုင်သုံးနေတာ...ဒီနေ့တော့ ကိုရှိုင်းပါရှိနေတော့ ကျနော်တို့စကားတွေ အများကြီးပြောခဲ့ကြတယ်....ကိုရှိုင်းက နဂိုတည်းက ဟာသဥာဏ်ရွှင်တော့ သူနဲ့ဆို ဘယ်တော့မှ ပါးစပ်မစေ့ရဘူး.....တော်တော်ကြာစကားပြောပြီးတော့ သူက ထူးဆန်းတဲ့ စကားတွေ ဆိုတယ်.....
'ညီ...'
'ဗျာ.....'
'ညီ....သူ့ကို အခုထိ ချစ်နေတုန်းပဲလားဟင်...'
'မေ့နိုင်အောင်ကြိုးစားနေတုန်းဆိုပေမယ့် အမှန်တိုင်းပြောရရင်...ဟုတ်တယ်....ကျနော် ချစ်နေတုန်းပဲ...'
'.....'
'ကိုရှိုင်း ဘာလို့မေးတာလဲဟင်....ကျနော်က gay ဆိုတာကို မကြိုက်လို့လား...'
'မဟုတ်ပါဘူး...ဒီတိုင်း မေးကြည့်တာပါ...'
'...'
'ညီ.....အချစ်ဆိုတာကို ဘယ်လိုမြင်လဲ...'
'အချစ်......နှစ်လုံးထဲဆိုပေမယ့် ရှုပ်ထွေးလွန်းတဲ့ အရာပေါ့...လူတွေက သူတို့ ခံစားချက်အလိုက် အချစ်ကို အဓိပ္ပါယ်ဖွင့်ကြတယ်...ကျနော့အတွက်တော့ အချစ်ဆိုတာ သူ့မျက်နှာလေးမြင်နေရရင် ပျော်နေတတ်တာမျိုး...လွမ်းတယ်လို့ပြောတုန်းရှိသေးတယ် ကို့အရှေ့ရောက်လာတာမျိုး....တစ်ခါတစ်လေ အချစ်က ရက်စက်တတ်တယ်...ချစ်ရသူအတွက်ဆိုပြီး ထွက်သွားတယ်...ချစ်ရသူအတွက်ဆိုပြီး မုန်းချင်ယောင်ဆောင်တယ်...နောက်ဆုံးချစ်ရသူအတွက်ဆိုပြီး တကယ် မချစ်တော့တာမျိုး.....အချစ်က မျက်နှာများတယ်...နားလည်ရခက်တယ်....အချစ်ကို မတွေ့အောင် ရှောင်တတ်ရင်တော့ ကောင်းတာပေါ့...မရှောင်တတ်ပဲ တကယ်ချစ်မိသွားရင်တော့ နာကျင်ရဖို့ သေချာသလောက်ပဲ.....'
'ကို့အတွက်တော့ အချစ်ဆိုတာ...ကြယ်လေးကို ငေးကြည့်နေရသလိုပဲ....လမင်းကြီးနားမှာပဲရှိနေချင်တဲ့ ကြယ်လေးကိုမှ မြတ်မြတ်နိုးနိုး ငေးကြည့်နေရတာ...အဲဒီ့ကြယ်လေးကတော့ သူ့ကို ငေးနေမှန်းတောက်မသိပဲ လမင်းကြီးကိုပဲ ငေးကြည့်ရင်းကြည့်နေလေရဲ့လေ....'
'ဒါဆို ကိုရှိုင်းက ဒုတိယလူဖြစ်နေတာပေါ့...'
'ဒုတိယလူဆိုတဲ့ စကားလုံးမှာ ပိုင်ဆိုင်ခြင်း အရိပ်အယောင်တွေ ပါတယ် ညီ....ကိုကလေ အဲ့ကြယ်လေးကို မပိုင်ဆိုင်ချင်ပါဘူး...ကြယ်လေးကိုငေးကြည့်နေရင်း အဲ့ကြယ်လေးကို ပျော်ရွှင်စေချင်တာ....ဒါပေမယ့် အဲ့ကြယ်လေးငိုနေတာကိုတော့ ကိုယ်မကြည့်ချင်ဘူး...အဲ့ကြယ်လေးကို ပျော်ရွှင်စေချင်တယ်...ကိုယ်ဘယ်လိုလုပ်ရမလဲဟင်....'
'ကြယ်လေးက ဘယ်သူ့ကြောင့် ငိုနေတာလဲဟင်..'
'သူအရမ်းချစ်ရတဲ့ လမင်းကြီးကြောင့်ပေါ့....'
'ဟုတ်လား....'
'ဟုတ်တယ် ညီ....သူ့ကိုမပိုင်ဆိုင်ချင်ပေမယ့် ပျော်ရွှင်စေချင်တာ ကို့ရဲ့တစ်ခုတည်းသော အတ္တပါ...ဒါ့ကြောင့် ညီ....ကို့ကို ခွင့်ပြုပေးပါ...'
'ဗျာ....ဘာကိုလဲဟင်...'
'ညီ့ကို ပျော်ရွှင်အောင် လုပ်ပေးခွင့်ပေးပါ....'
'ဗျာ......'
'ကို့ရဲ့ ကြယ်လေးက ညီမို့လို့လေ......'
'ကို....ကိုရှိုင်း....'
YOU ARE READING
Love Affair (ZG + Uni) (Completed)
Teen Fictionငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တစ်ယောက်တည်းကိုပဲ... #ရဲရင့်သွေး ငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တ...