EP-18(IF.....)

3.4K 176 1
                                    

'​ကောင်းကင်​....'
'Aww.. နှင်းနု...'
'😊😊 ​ကောင်းကင်​ တစ်​​ယောက်​တည်း လားဟင်​..'
'အင်း...ဟို ၃​ယောက်​က မုန့်​သွားဝယ်​​နေလို့...'
'နှင်းနု..စကား ခဏ ​ပြောလို့ရမလား...'
'ဟုတ်​ကဲ့...ထိုင်​​လေ...'
'ဟို....နှင်းနု ဟို​နေ့ သတင်း​တွေ ကြားပြီးပြီ....'
'😔😔'
'နှင်းနု အရမ်းကြားဝင်​ရှုပ်​သလိုဖြစ်​သွားလားဟင်​...ရဲရင့်​နဲ့​ကောင်းကင်​နဲ့ တွဲ​နေတာ​တောင်​မသိပဲ ရဲရင့်​ကို သ​ဘောကျ​ကြောင်း ​ကောင်းကင်​ ကို ​ပြောပြခဲ့​တော့.....'
'အဲ့တုန်းက ကျ​နော်​ မ​ပြောပြခဲ့တာ ​အားနာလို့ပါ..'
'အမှန်​တိုင်း​ပြောရရင်​ နည်းနည်း​တော့ ရှက်​မိတယ်​...'
'ကျ​နော်​ မရည်​ရွယ်​ပါဘူး...တကယ်​​တောင်းပန်​ပါတယ်​...'
'ရပါတယ်​ 😊'
'😔'
'ဒါ​ပေမယ့်​​လေ...​ကောင်းကင်​ စဉ်းစားဖူးလား...သူ့အတွက်​...'
'ခင်​ဗျာ..'
'အနာဂတ်​အတွက်​ ​သေ​သေချာချာ စဉ်းစားပြီးပြီလား....သူက HT group ရဲ့ ဆက်​ခံသူ ဆိုတာ​မေ့​နေတာလား?? တစ်​ချိန်မှာ သူက Gay တစ်​​ယောက်​ ဖြစ်​​နေတယ်​ဆိုတာ​ကြောင့်​ နစ်​နာသွားရမယ့်​ သူ့ဖက်​ကို မ​တွေး​တော့ဘူးလား...သူ့ရဲ့သိက္ခာ...သူ့ရဲ့အနာဂတ်​...သူ့ရဲ့ ရည်​မှန်းချက်​...အားလုံးက ​ကောင်းကင်​ ​ကြောင့်​ ပျက်​စီး​တော့မှာ...ဒါကို အချစ်​လို့ ထင်​​သေးလား....အချစ်​မှာ ချစ်​​နေရင်​ပီး​ရောဆိုတာ အနာဂတ်​မရှိတဲ့လူ​တွေအတွက်​ပဲ မှန်​တယ်​...ရဲရင့်​​မှာ အရမ်း​တောက်​ပတဲ့ အနာဂတ်​ရှိတယ်​...ဒါ​ပေမယ့်​ အဲဒီ့အနာဂတ်​ကို အချစ်​တစ်​ခုတည်းနဲ့ သူက အဆုံးရှုံးခံ​တော့မယ်​ဆို...သူ့အတွက်​ ဘယ်​တရားပါ့မလဲ???'
'နှင်းနု...အခု ဆိုလိုချင်​တာက...'
'အချိန်​ယူပြီး စဉ်းစားပါ...ကိုယ့်​ရဲ့ အတ္တ​ကြောင့်​နဲ့ ကိုယ်​ချစ်​ရတဲ့ လူရဲ့ အနာဂတ်​ကို ဖျက်​စီးဖြစ်​​တော့မလားဆိုတာ....သူက နှင်းနုအတွက်​လည်း အ​ရေးကြီးတဲ့လူတစ်​​ယောက်​မို့လို့.....'
'......'
'​ကောင်းကင်​ သိလား....နှင်းနု...သူ့ကို အရမ်းချစ်​တာ...ပိုင်​ဆိုင်​ဖို့ထိ​တော့မဟုတ်​​ပေမယ့်​..သူများပိုင်​ဆိုင်​သွားမှာလဲ မလိုလားဘူး...ဘယ်​​လောက်​ထိလဲဆို ကိုယ့်​အမ အရင်းကို​တောင်​ ​ချောက်​ချ ခဲ့တဲ့အထိပဲ....'
'ဗျာ.....'
'ဟုတ်​တယ်​....မမနဲ့ ရဲရင့်​ ပြတ်​​အောင်​ နှင်းနု စီစဉ်​ခဲ့တာ.....'
'.....'
'နှင်းနု ​ပြောချင်​တာ​တော့ကုန်​ပြီ...​ကောင်းကင်​ ​သေ​သေချာချာစဉ်းစားပါ....နှင်းနု သွား​တော့မယ်​...'

Love Affair (ZG + Uni) (Completed)Where stories live. Discover now