'မြတ်နိုး ငါ့ကို ဒီဟာလေး ရှင်းပြပါလား....'
မနက်ရောက်ကတည်းက canteen မှာ ထိုင်ပြီး ဖုန်းတစ်လုံးနဲ့ ပြုံးလိုက် အော်လိုက် လုပ်နေတဲ့ မြတ်နိုး....ဟိုကောင်တွေကလည်းမရောက်သေးဘူး....စာကလည်း လုပ်သာလုပ်နေတယ် အိပ်ငိုက်နေတာနဲ့ပဲ ဘာသင်သွားမှန်း မသိလိုက်ဘူး....ဒါနဲ့ပဲ သူ့ကို အားနာပါးနာနဲ့ ပြန်ရှင်းပြခိုင်း လိုက်တော့...
'အေး ရဲရင့် ခနလေး...ငါဒီမှာ ကောင်းခန်းရောက်နေပီ..'
Aww...မယ်မင်းကြီးမက ဖုန်းကိုတောင်အကြည့်မပျက်ဘူး...ပါးစပ်ကို လက်နဲ့ အတင်းအုပ်ပြီး အော်လိုက် စားပွဲကို လက်နဲ့ ရိုက်လိုက် လုပ်နေတော့ ဘာတွေများကြည့်နေတာလဲလို့ စပ်စုလိုက်တာ.....Oops...ဘာ...ဘာတွေလဲ....ကျွန်တော်ပဲ အမြင်မှားတာလား...ခပ်ချောချော ကောင်လေးနှစ်ယောက် နမ်းနေကြတာ....မြတ်နိုး...နင်...နင်...ဒါတွေကြည့်တယ်.....
'မြတ်နိုး...'
ကျွန်တော့် အသံက ပုံမှန်ထက် ပိုကျယ်သွားတယ်နဲ့တူတယ်...ဘေးက ဝိုင်းတွေကပါ ကျွန်တော့်ကို လှမ်းကြည့်ကြတယ်...ဒီတော့မှ မြတ်နိုးက...
'ဘာလဲ...'
'နင်...နင်...ဘာတွေကြည့်နေတာလဲ..'
'awww....ဒါ BL လို့ခေါ်တယ်..'
'BL ဆိုတာ ဘာလဲ??😷'
'BL ဆိုတာအရှည်ကောက်အနေနဲ့ boy love...ကောင်လေးနှစ်ယောက် ရဲ့ ရင်ခုန်ဖွယ်အချစ်ဇာတ်လမ်း...အိုက်စ်.....'
'ဘယ်လို.....'
'နင့်ကို ရှင်းပြနေလဲ နင်နားလည်မှာ မဟုတ်ပါဘူး...ခနနေဦး နောက်မှ စကားလာပြော...ငါ ဒီ scene ကို စောင့်နေတာကြာပြီ....'
'ခန ခနနေပါဦး...ဒါဆို အခု ဒီလိုကိစ္စမျိုးက ဖြစ်ရိုးဖြစ်စဉ် တစ်ခုလား???'
'Ummm??'
'ဒီလိုလေ...ယောက်ျားလေးတစ်ယောက်က တစ်ခြားယောက်ျားလေး တစ်ယောက်ကို ချစ်နေတာ ဘာမှ မထူးဆန်းတော့ဘူးလား???'
'ငါ့အတွက်တော့ မထူးဆန်းပါဘူး....ငါ့နားမှာဆို သားတွေ တစ်ပုံကြီးပဲ...'
'သား???'
'Ommm င့ါကို လာလာနှုတ်ဆက်နေတဲ့ ကောင်လေးတွေလေ.... အဲဒါ ငါ့ သားတွေ ပေါ့...'
'ဘာလဲ သားဆိုတာ....'
'Uke လေးတွေပေါ့ဟဲ့...'
'Uke???'
'ဟဲ့ နင်ကလည်း တုံးလိုက်တာ...အစအဆုံးလိုက်ရှင်းပြနေရတယ်...Boy to boy မှာ Seme နဲ့ Uke ဆိုပီး ရှိတယ်....Seme ဆိုတာက Top..Uke ဆိုတာက လုံးဝ ယောက်ျားလေးပဲ ကြိုက်တာ..ပြောရရင် Bottom ပေါ့ ဟီးဟီး.. '
'အဟွတ်!'
![](https://img.wattpad.com/cover/167667908-288-k614179.jpg)
YOU ARE READING
Love Affair (ZG + Uni) (Completed)
Teen Fictionငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တစ်ယောက်တည်းကိုပဲ... #ရဲရင့်သွေး ငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တ...