EP-8(Confess...)

4.6K 352 3
                                    

တနင်္ဂ​နွေ ​နေ့​လေးနားနား​နေ​နေ နေမလားစဉ်းစားပါတယ်​ လဒက မနက်​အ​စောကြီးဖုန်းဆက်​နှိုးပြန်​ပြီ...ဘယ်​​လောက်​​တောင်​ အ​ရေးကြီးတဲ့ကိစ္စမို့ အနက်​ ၄နာရီကြီး ဖုန်းဆက်​ရတာတုန်း...

'ဟဲ့ မနက်​ ၄နာရီဟဲ့ နင့်​အိမ်​မှာ နာရီပျက်​​နေလား!!!'
'မြတ်​နိုး..'
'ဘာလဲ...'
'ငါ​မေးစရာရှိလို့...'
'​မေး....'

ကျွန်​မ အိပ်​ချင်​မူးတူးနဲ့ ​စကားသံ​တောင်​မပီပြင်​​တော့..

'ဟို​လေ...ငါ...လူတစ်​​ယောက်​ကို သ​ဘောကျ​နေမိပြီထင်​တယ်​...'
'​အောင်​မ​လေး ရဲရင့်​ရယ်​...နင်​အဲဒါ​ပြောဖို့ ငါ့ကို ဒီအချိန်​ကြီးဖုန်းဆက်​တာလား..ဘာလဲ မဟုတ်​မှ လွဲ​ရော ငါများလား..'
'ဟဲ့ အ​ကောင်း​ပြော​နေတာ...နင်​ကိုရီးယားကားကြည့်​တာများသွားပြီ...'.
'ထားပါ​တော့ အဲ့​တော့ဘာဖြစ်​လဲ..ငါနဲ့ဘာဆိုင်​လို့လဲ..'
'ဟို​လေ...နင်​​ပြောတဲ့ BL ဆိုတာ​လေ...'
'BL 😍😍'

BL ဆိုတာနဲ့ ခုနကအိပ်​ချင်​မူးတူး ကျွန်​မချက်​ချင်းပင်​ ​ကောက်​ထိုင်​မိသွားတယ်​...ဒီအ​ကြောင်း​တော့ စိတ်​ဝင်​စားတယ်​ ချက်​ချင်းဆိုသလို ​လေသံက အစ ​ပြောင်းသွားတဲ့ ကိုယ့်​ကိုယ်​ကို လည်း အံ့သြပါရဲ့..ငါ​လေး ဒီလိုနဲ့ပဲ ဘဲရဦးမှာပါ 😂

'ဟဲ့ ဆက်​​ပြော​လေ...'
'Aww..​အေး အဲဒါ..'
'​အေး...'
'ဟို....'
'​အေး...'
'အဲဒါ​လေ...'
'ရဲရင့်​ရယ်​ ​ပြောမှာဖြင့်​ ​ပြောပါဟာ..ငါရူးတော့မယ်​..'
'ဟို...ငါလူတစ်​​ယောက်​ကို ရက်​ခုန်​မိ​နေတယ်​...'
'ဘယ်​သူလဲ....'
'ဟို...'
'​ကောင်းကင်​ မလား??'
'Umm...နင်​ဘယ်​လိုသိတာလဲ.'
'😂😂😂 ထင်​သားပဲ...ဒီမှာ ငါ့ရဲ့ မားသက်​တမ်းက ၁ နှစ်​ ၂နှစ်​မဟုတ်​ဘူးဟဲ့ ငါရိပ်​မိ​နေတာကြာပီ...'
'ဟုတ်​လား...ငါအဲ​လောက်​​တောင်​သိသာ​နေလား..'
'မသိသာပါဘူး...ငါက အ​တွေ့အကြုံနဲ့မို့သိ​နေတာ..'
'​aww...အဲဒါ​လေ...ငါဘယ်​လိုလုပ်​ရမလဲဟင်​'
'ပထမဆုံး အ​နေနဲ့ နင့်​ကိုယ်​နင်​ ​သေချာ​အောင်​လုပ်​ရမယ်​..နင်​ သူ့ကို တကယ်​သ​ဘောကျတာလား...တကယ်​ချစ်​တာလား...ဘာလို့လဲဆို​တော့ Boy to boy ဆိုတာ ထင်​သ​လောက်​မလွယ်​ဘူးဟ..ပီး​တော့ ငါစိုးရိမ်​တာ တစ်​ခုရှိတယ်​...'
'ဘာလဲ??'
'နင့်​မာမား...သူက နင့်​ကို ဒီလိုမျိုး လက်​ခံ​ပေးမယ်​လို့ ငါမထင်​ဘူး...'
'မြတ်​နိုး...နင်​လည်း သိရက်​သားနဲ့ဟာ...ငါအမြဲ မာမာမားစကားကို နား​ထောင်​​နေကြပဲ...ဒါ့​​ကြောင့်​ ငါသိပ်​ချစ်​ရတဲ့လူတစ်​​ယောက်​ကို စွန့်​လွှတ်​ခဲ့ပြီးပြီ​လေ...​နောက်​ထပ်​တစ်​ယောက်​​တော့ ငါမစွန့်​လွှတ်​ချင်​တော့ဘူး...ငါ...မာမားကို ဆန့်​ကျင်​သင့်​ရင်​ ဆန့်​ကျင်​ရလိမ့်​မယ်​ မြတ်​နိုး....'
'တကယ်​လို့​ပေါ့...​ကောင်းကင်​က မိန်းက​လေးကိုပဲ သ​ဘောကျတယ်​ ဆိုရင်​​ကော...'

Love Affair (ZG + Uni) (Completed)Where stories live. Discover now