မိန်းကလေး တစ်ယောက်က သူတို့ဘဝ တစ်လျှောက်လုံး သူတို့ မင်္ဂလာပွဲ အတွက် အရမ်းပဲ စိတ်ကူးယဉ်ခဲ့ကြတာတဲ့...သူတို့ချစ်တဲ့သူနဲ့ ပဲ ဖြစ်ဖြစ်...မချစ်တဲ့သူနဲ့ပဲ ဖြစ်ဖြစ်...သူတို့ မင်္ဂလာပွဲကိုတော့ အကောင်းဆုံး ဖြစ်ချင်ကြတယ်...စေ့စပ်ပွဲအတွက်တောင် အကျီရွေးနေရင်း ပြုံးပျော်နေတဲ့ နှင်းနုကို တွေ့တော့ ကြည်နူးမိသလို စိတ်မကောင်းလည်းဖြစ်မိတယ်...သူ့ခမြာ ရည်းစားတောင် သေသေချာချာမထားဖူးပဲနဲ့ ငယ်ငယ်တည်းက ပေါင်းလာတဲ့ ကျနော်နဲ့
လက်ထပ်ရတော့မယ်...ဒါပေမယ့် သူက ဝမ်းနည်းတဲ့ပုံတော့မပေါက်ဘူး..ကလေးလေးတစ်ယောက်လိုပဲ တက်ကြွနေတော့ ကျနော် နည်းနည်းတော့ စိတ်ပေါ့ သွားတာအမှန်...ဒီလောက်တောင်ပဲ ရိုးအ ရလား နှင်းနုရယ်...ကျနော့ကို တစ်စုံပြီး တစ်စုံ ဝတ်ပြပြီး ဘယ်ဟာလှလည်း ရွေးခိုင်းနေတဲ့ သူတော့မသိဘူး ကျနော်တော့သူ့ကို ကြည့်ရင်း မောလည်းမော အသက်ရှူလည်းကျပ်လာတယ်...ဒါတောင် သူက ဝတ်ပြလို့မပြီးသေးဘူး....ပြုံးပျော်နေတဲ့ သူ့မျက်နှာလေးက ပကတိ ချစ်ဖို့ကောင်းနေတာတော့ အမှန်ပဲ..'ရဲရင့် ဒီဟာလေးနဲ့ ငါဝတ်ထားတာ ဘယ်ပိုလှလဲ??{'
'ဒီဖက်ကဟာ ပိုလှတယ်...ဒါပေမယ့် နင်နဲ့ အခုဝတ်ထားတာနဲ့ ပိုလိုက်တယ်..'
'ဟုတ်လား..ဒါဆို ငါအခု ဝတ်ထားတာလေးပဲ ယူလိုက်တော့မယ်နော်...'
'ဟုတ်ပါပြီဗျာ...'ပြန်တဲ့လမ်းတစ်လျှောက်လည်း ဟိုမုန့်ဆိုင် ဝင်စားလိုက် ဒီမုန့်ဆိုင်ဝင်စားလိုက်နဲ့ တကယ့်ကို ကလေးကြီး 😂...အခုလို နှင်းနုရဲ့ ပုံစံလေးကို မြင်တော့ သူ့ကို သတိရမိပြန်ပြီ...ကိုယ့်ဘေးမှာ မိန်းကလေးတစ်ယောက်လုံးရှိနေရက်နဲ့ တခြားလူတစ်ယောက်ကို လွမ်းနေရင် နှင်းနုအတွက် ဘယ်တရားပါ့မလဲနော်....ဒါပေမယ့် sorry ပါ နှင်းနု...ငါသူ့ကို အခုထိမေ့လို့မရသေးတော့ လွမ်းခွင့်လေးတော့ ပြုပါ...နင်နားလည်ပေးမယ်မလားဟင် နှင်းနု....
YOU ARE READING
Love Affair (ZG + Uni) (Completed)
Novela Juvenilငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တစ်ယောက်တည်းကိုပဲ... #ရဲရင့်သွေး ငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တ...