ရဲရင့် မနေ့က နင်အိမ်မှာ ကျန်ခဲ့တာ နင့်ပိုက်ဆံအိတ်....'
'Aww အေး ထင်တော့ထင်တယ်...နင့်အိမ်မှာပဲကျန်ခဲ့တာဖြစ်မယ်လို့...ကျေးဇူးပဲနှင်းနု...'
'Imm...အပြန်ကျရင် ငါ့ကို ခနစောင့်ပါလား..ငါကားမပါလာလို့..'
'Okay လေ စောင့်နေမယ်..'
'အင်း ဒါဆိုငါသွားတော့မယ်နော်..practical ရှိလို့'
'အင်း..စာလည်းဂရုစိုက်လုပ်ဦး မနေ့က အန်တီပြောတာကြားတယ်...နင်စာမလုပ်ဖူးဆို..'
'ငါစာလုပ်ပါတယ်ဟ..ဒါပေမယ့် ငါက ဦးနှောက် မကောင်းလို့ ပြန်ပြန်မေ့သွားတာ....Ah ဟုတ်သားပဲ..နင် Hospitality Management တတ်ဖူးတယ်မလား..'
'အင်းလေ..'
'ဒါဆို ငါမသိတဲ့စာတွေနင့်ကိုလာမေးမယ်နော်..'
'အင်း...အချိန်မရွေးလာခဲ့...'
'ပြီးရော..ဒါဆိုငါ သွားတော့မယ် နောက်ကျနေပြီ...'
'အင်း..'
'မင်းခန့်..မြတ်နိုး...ပြီးတော့ သူ..ကောင်း..ကောင်းကင်...တာ့တာနော် နှင်းနုသွားတော့မယ်..'
'Imm တာ့တာ...'မင်းရဲ့အပြုံးတွေက သူနဲ့ဆိုပိုပီပြင်နေသလိုပဲရဲရင့်...မင်းငါ့ကိုတကယ်ပဲ ချစ်ခဲ့တာလား...ဒါမှမဟုတ် မင်းငါ့ကို သက်သက်လှည့်စားခဲ့တာလား...မစဉ်းစားချင်တော့ဘူး..စဉ်းစားမိလိုက်တိုင်းလည်း ဘယ်ဖက်ရင်အုံက တစ်ဆစ်ဆစ်ကိုက်လာတဲ့ နာကျင်မှုတွေကို ငြီးငွေ့နေပီ...ငါ့ရဲ့ သတ္တိနည်းမှုတွေကြောင့် ပြန်ခံရတဲ့ ဒဏ်တွေကို ငါခံနိုင်ရည်ရှိခဲ့မယ်လို့ ထင်ခဲ့ပေမယ့် ငါမခံနိုင်ဘူး ရဲရင့်...ငါ...ငါ..နာကျင်ရတယ်..ဒါပေမယ့် ငါဘာတတ်နိုင်မှာလဲ..ငါကိုယ်တိုင်က သူရဲဘောကြောင်တဲ့လမ်းကို ရွေးခဲ့မိတာကို...
.
.
.
ကောင်းကင်ရာ...မင်းအဲလို မလုပ်ပါနဲ့...နှင်းနုနဲ့ငါ စကားပြောတာတွေ့ရင် မင်းမျက်နှာညှိုးသွားတတ်တာ ငါသတိထားမိတယ် ကောင်းကင်..မင်းမကြိုက်ရင် မကြိုက်ဘူးလို့ပြောလိုက်ပါလား...မင်းဘာလို့ဟန်ဆောင် နေတာလဲ..မင်းဘာကိုကြောက်နေတာလဲ...မင်းအတွက်ဘယ်အရာကများ ခက်ခဲနေလို့လဲ....မင်းကွာ.....ငါ့ကိုအမြဲစိတ်ညစ်ရအောင်လုပ်တာ မင်းပါရမီ ဆိုတာ သိရဲ့လား ကောင်းကင်...
.
.
.
ဒီနေ့ ကျွန်တော်တို့ ရဲရင့်အိမ်မှာ friend date လုပ်ရင်း မုန့်လုပ်စားကြတယ်...စားဖိုမှူးကတော့ ထုံးစံအတိုင်း မြတ်နိုးပေါ့..ကျွန်တော်နဲ့ မင်းခန့်ကတော့ ထုံးစံအတိုင်းပဲ ML ဆော့နေတယ်လေ...သူ...သူကတော့ စာအုပ်ဖတ်နေတယ်...တစ်ခါခါသူ့ကိုလှည့်ကြည့်လိုက်မိတော့ သူကလည်း ပြန်ကြည့်တယ်...အကြည့်ချင်းဆုံသွားတဲ့အခိုက် ကျွန်တော်ရင်တွေခုန်လွန်းလို့ ချွေးတွေပါထွက်လာတယ်..လူက ပူရှိန်းရှိန်းနဲ့ အသက်ရှူတွေကြပ်လာတဲ့အထိပဲ...သူကတော့ အကြည့်ကို ချက်ချင်းလွှဲသွားတယ်လေ...aww...ငါဆိုတာ တစ်ခဏပါပဲ...မင်းငါ့ကိုချစ်တယ်ဆိုတဲ့ အသိလေးကိုတော့ တစ်သတ်တာအတွက် မှတ်ထားခွင့်တော့ပြုပါ...
YOU ARE READING
Love Affair (ZG + Uni) (Completed)
Teen Fictionငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တစ်ယောက်တည်းကိုပဲ... #ရဲရင့်သွေး ငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တ...