EP-16(I 💘 U)

3.3K 196 0
                                    

မနက်​အိပ်​ရာနိုးနိုးချင်း ​ကျ​နော့ရင်​ခွင်​ထဲမှာ အိပ်​​ပျော်​​နေတဲ့ သူ့ကို ကိုယ်​ပူစမ်း​ပေး​တော့ သူလည်းနိုးလာတယ်​...ဘယ်​ကဘယ်​လို ကျ​နော့အိမ်​​ရောက်​​နေမှန်းမသိလို့ထင်​တယ်​..ပြူးပြူး​လေး​ငေး​နေရဲ့...

'နိုးပြီလား...'
'အင်း...ငါဒီကို ဘယ်​လို​ရောက်​လာတာလဲဟင်​..'
'ငါ​ခေါ်လာတာ....'
'ငါ ညက ဒီမှာ အိပ်​တာလား?'
'အင်း...ငါ့ရင်​ခွင်​ထဲမှာ...တစ်​ညလုံး...'
'ရဲရင့်​......'
'မ​ပြောနဲ့...မ​နေ့က ကိစ္စကိုမေ့လိုက်​...ငါ့ဘာသာစီစဉ်​မယ်​...'
'ငါ​ကြောက်​တယ်​...'
'ဘာလို့လဲ??ဘာလို့​ကြောက်​တာလဲ?? မင်း​ဘေးမှာငါရှိတယ်​​လေ...သူတို့မင်းကို ဘာမှလုပ်​လို့မရဘူး...ငါထပ်​ပြီး ခွင့်​မပြုနိုင်​ဘူး..😘ကြားလား'
'အင်း....😩'
'အဲလိုကြီးမ​နေပါနဲ့...ပြုံးပြုံး​လေး...မင်းပြုံးတာမြင်​ချင်​တယ်​..ပြုံးပြ'
'......'
'​ကောင်း...'
'😊😊😊'
'အင်း...အဲလိုမှ​ပေါ့...ငါ့ညှပ်​စိက ပြုံး​နေမှ ချစ်​ဖို့​ကောင်းတာ😘😘'

ကျ​နော်​ နဖူး​လေးကိုခပ်​ဖွဖွ​လေးနမ်းလိုက်​​တော့ သူအရင်​ကလို မရှက်​​တော့ဘူးဗျ...ပိုနက်​ရှိုင်းတဲ့ အပြုံးတစ်​ခုဖန်​ဆင်းရင်း....

'ထ​တော့​လေ...​ကျောင်းသွားရမယ်​...'
'ငါ...မသွားချင်​ဘူး...'
'​ကောင်း.....'
'အင်းပါ ပီး​ရော...'
.
.
.
Canteen ကိုဆင်းလာတဲ့ တစ်​​လျှောက်​လုံးလူ​တွေရဲ့ မျက်​လုံးအကြည့်​​တွေကို မမြင်​ချင်​​ယောင်​​ဆောင်​ခဲ့တယ်​...မြတ်​နိုးနဲ့မင်းခန့်​က ​ရောက်​နှင့်​​နေ​တော့ သူတို့ဝိုင်းမှာ ဝင်​ထိုင်​လိုက်​​တော့လည်း canteen တစ်​ခုလုံးရဲ့အကြည့်​​တွေက သူ့ဆီမှာ....

'​ကောင်းကင်​ ဘယ်​လိုဖြစ်​ရတာလဲဟာ...မ​နေ့က ငါပြန်​သွားပြီးမှ ဖြစ်​တာလား...ငါလည်းဖုန်းကို မစစ်​လိုက်​မိဘူး...ငါသာရှိ​နေရင်​ မ​နေ့က အဲ​လောက်​ဖြစ်​ခဲ့မှာ မဟုတ်​ဘူး...'
'မူရင်း တင်​တဲ့ account က အတုကြီး..သတင်း​တွေပြန့်​သွား​တော့ သူက account ကို delete သွားတယ်​...ဘယ်​သူတင်​လိုက်​တာလဲ မသိဘူး...'

မြတ်​နိုးနဲ့ မင်းခန့်​ တစ်​​ယောက်​တစ်​လှည့်​ ​ပြော​နေတဲ့စကား​တွေ​ကြောင့်​ ကျ​နော်​ ပိုပြီး စိတ်​ညစ်​ရပြန်​ပြီ..ဒါကို ရိပ်​မိတဲ့ ရဲရင့်​က သူတို့ကို ဆက်​မ​ပြော နဲ့​တော့ ဆိုတဲ့သ​ဘောနဲ့ ​မသိမသာ​ခေါင်းခါပြမှပဲ အသံ​တွေတိတ်​သွား​တော့တယ်​....
...
Canteen က​နေ အခန်းထဲကို ​လေး​ယောက်​သားသွား​တော့ လူ​တွေရဲ့အကြည့်​ကို အတင်း​ရှောင်​ဖယ်​​နေတဲ့က​လေး​လေး...ထပ်​ပြီးသည်းမခံနိုင်​​တော့တဲ့အဆုံး..သူ့လက်​ကို လှမ်းဆွဲလိုက်​တယ်​..ဒီ​တော့မှ ကျ​နော့ကို ဝိုင်းစက်​စက်​မျက်​လုံး​လေး​တွေနဲ့ကြည့်​တဲ့သူ...ပြီး​တော့ ဘယ်​သူမှမ​တွေ့လိုက်​ခင်​ လက်​ကိုဖြုတ်​လိုက်​​တော့ ကျ​နော်​က အလွှတ်​မ​ပေးပဲ ပြန်​ဖမ်းဆုတ်​လိုက်​တယ်​...​ကောင်းရယ်​...ဒီလိုအ​ခြေအ​နေမျိုးမှာ​တောင်​ ငါ့အတွက်​ပဲ စဉ်းစား​ပေး​နေတုန်းလားကွာ...

Love Affair (ZG + Uni) (Completed)Where stories live. Discover now