ခန်းဆီအဖြူရောင်ကတဆင့် ဝင်လာတဲ့နေရောင်ခြည်ကြောင့် မနိုးချင်ပဲ နိုးရပြန်ပြီ..ခေါင်းကိုက်လိုက်တာ...မနေ့က ဘာတွေဖြစ်သွားမှန်းတောင်မသိတော့ဘူး..အခုလည်းအိပ်ရာပေါ်ရောက်နေတယ်..နေပါဦး..ဒါ ရဲရင့်အခန်းမလား??..မနေ့ကဘာတွေဖြစ်ခဲ့တာလဲ??ကျွန်တော် မျက်နှာသစ် သန့်ရှင်းရေးလုပ်ပြီးတဲ့အထိ ခေါင်းကိုက်တာ မပျောက်သေး..အခန်းထဲက ထွက်ပြီးထမင်းစားခန်းထဲသွားတော့ apron နဲ့ နံနက်စာပြင်နေတဲ့ ရဲရင့်....
'အရက်သမားလေး နိုးပြီလား'
ကျွန်တ်ေသူ့ကို ပြုံးပြပြီး ထိုင်ခုံမှာ ဝင်ထိုင်တော့ကျွန်တော့်ရှေ့ကို ဖန်ခွက်လေးချပေးတဲ့ သူ့လက်ချောင်းလှလှလေးတွေ...
'ပျားရည်ကို ရေနွေးနဲ့ဖျော်ထားတာ..အမူးပြေတယ်..သောက်လိုက်'
သူကမ်းပေးတဲ့ပျားရည်ကို မော့သောက်ရင်း ဦးနှောက်ထဲဖျက်ခနဲ ဝင်လာတဲ့မြင်ကွင်းတစ်ခု...ဟောတော့..ကျွန်တော်နေခန့်ကို နမ်းခဲ့တာလား???😲
'ဟိုလေ..မင်းမနေ့က ကိစ္စ မှတ်မိသေးလား..'
'ဟင့်အင်း ငါဘာမှမမှတ်မိတော့ဘူး..ငါမင်းကို ဘာလုပ်ခဲ့လဲ ငါမသိတော့ဘူး..ငါ မသိဘူးနော်'သူမလိမ်တတ်ပဲလိမ်နေတာက အရမ်းသိသာနေတော့ကျွန်တော် အရမ်းပဲ စချင်သွားတယ်ဗျ....
'တကယ်မမှတ်မိဘူးလား'
'အဟင်း..ဟုတ်တယ်..'
'တကယ်လား'
'အင်းလို့ဆို'
'ဒါဆို မှတ်မိအောင် လုပ်ပေးမယ်'ကျွန်တော် ထိုင်ခုံမှာထိုင်နေတဲ့သူ့ကို မေးစေ့ကကိုင်ကာ ဆွဲမော့ပြီး ကျွန်တော်ခါးကိုင်းကာ နှုတ်ခမ်းချင်း ထိလိုက်တော့ မျက်လုံးကြီးပြူးပြီး ရုန်းတဲ့သူ...
'ဘာ..ဘာလုပ်တာလဲ?'
'မှတ်မိအောင်လို့လေ..အခုမှတ်မိပြီလား'
'မှတ်မိပြီ..'
'ဒါဆို ဘာလို့လိမ်လဲ'
'ရှက်လို့ပေါ့😏'ခေါင်းလေးငုံ့ပြီး ပြန်ရန်တွေ့နေတဲ့ ကျွန်တော့်ရဲ့ ညှပ်စိ..ချစ်လိုက်တာဗျာ ဘယ်ကဘယ်လို အဲလောက်ချစ်မိသွားလဲ မသိတော့ဘူး...သူစိတ်ဆိုးနေတဲ့ပုံလေးကို ဘယ်လောက်ကြည့်ကြည့် ကြည့်မဝဖြစ်နေတော့..ထပ်ပြီးစိတ်ဆိုးအောင် စချင်လာတာနဲ့..

YOU ARE READING
Love Affair (ZG + Uni) (Completed)
Teen Fictionငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တစ်ယောက်တည်းကိုပဲ... #ရဲရင့်သွေး ငါ gay မဟုတ်ဘူး...ငါမိန်းကလေးပဲ ကြိုက်တာ..ဒါပေမယ့် ထူးဆန်းစွာနဲ့ ငါမင်းကို ချစ်ခဲ့တယ်.....မင်း.....တ...