EP-30(Ending)

8K 208 8
                                    

**Warning ပါ​နော်​**
အရင်​တစ်​ပိုင်းထပ်​ ပိုကြမ်းပါတယ်

ဆေးရုံရဲ့ ပိုးသတ်​​ဆေးနဲ့အတူ ခပ်​စူးစူးအလင်း​ရောင်​က လူကို စိတ်​မသက်​သာဖြစ်​​စေတယ်​..မနိုးချင်​ပဲ နိုးလာရတာဖြစ်​တဲ့​ကြောင့်​ မျက်​လုံး​တွေကို မဖွင့်​​သေးပဲ ​လောကစည်းစိမ်​ခံ​နေတုန်း တစ်​​ယောက်​​ယောက်​က စိုက်​ကြည့်​​နေသလို ခံစားရလို့ မျက်​လုံးဖွင့်​ကြည်​လိုက်​​တော့ မြတ်​နိုး​မေရယ်​​ပေါ့...သူ့ရည်းစားနဲ့ကျ​နော့်​ကို လူများမှား​နေသလား ထင်​ရ​အောင်​ စိုက်​ကြည့်​​နေတာ....လက်​ကြီးပိုက်​ပီး​တော့....

'ဟဲ့ နိုးရင်​ထ​တော့....'

ကျ​နော့်​ကို စိတ်​မရှည်​သလို​ပြော​နေတဲ့ သူ့ကို ဂရုမစိုက်​အားပဲ တစ်​ဖက်​ကိုလှည့်​ကာ ထပ်​အိပ်​ဖို့​ပြင်​မှ..

'​ဆေးရုံတက်​​နေတာ နင်​လား?ငါ့အကိုလား?...ဘယ့်​နှယ့်​ လူနာက ကုတင်​​​ပေါ်မှာမရှိပဲ သူက လူနာကို အနိုင်​ကျင့်​ပြီး ကုတင်​​ပေါ်တက်​အိပ်​​နေတယ်​...'

ဒီစကားကြားမှ ဟုတ်​သားပဲ....​ကောင်း​ရော??ကျ​နော်​ ချက်​ချင်းဆိုသလိုထ ထိုင်​ကာ

'​ကောင်း​ရော...'
'​toilet ဝင်​​နေတယ်​...ထ​တော့ ခဏ​နေ ​ဆေးရုံဆင်း​တော့မှာ...'
'ဟင်​?? ​ဆေးရုံက ဒီ​နေ့ဆင်းမှာလား??'
'ဟုတ်​တယ်​....ကိုရှိုင်းက ​ဆေးရုံ ကုန်​ကျစရိတ်​​တွေ​တောင်​သွားရှင်း​နေပြီ...'
'​ဆေးရုံစရိတ်​ ရှင်းရ​လောက်​တဲ့အထိ သူ့မှာ ပိုက်​ဆံပါလို့လား??'
'စိတ်​မပူပါနဲ့ ...ငါနင့်​ပိုက်​ဆံအိတ်​ ​ပေးလိုက်​တာ..'
'Aww ​အေး....'

ကျ​နော်​နဲ့ မြတ်​နိုး အ​ခြေအတင်​ စကား​ပြော​နေတုန်း ကျ​နော့ဆီကို ​ပြေးကာ ခါးကို လာဖက်​တဲ့ ကျ​နော့ ညှပ်​စိ...

'မ​ပြေးနဲ့​လေ....​ခြေ​ထောက်​နာဦးမယ်​...'
'မနာပါဘူး...ထ​တော့​လေ...​ဆေးရုံဆင်းကြမယ်​..'
'လူမှား​နေပြီ...လူနာက မင်း​လေ'
'😂😂😂😂 ထ​တော့...'

ကျ​နော်​​ခေါင်းခါပြ​တော့ သူက ဘာ​လို့လဲဆိုတဲ့ ပုံနဲ့ပြန်​ကြည့်​တယ်​...ကျ​နော်​လည်း အသားယူတယ်​ပဲ​ပြော​ပြော ဘယ်​လို​ပြော​ပြော..ပါး​ကိုလက်​ညှိုးနဲ့ ​ထောက်​ပြ​တော့ သူက ရှက်​ပြုံးလို့မဆိုသာတဲ့ အပြုံး​လေးနဲ့ မြတ်​နိုးကို ​မေး​ငေါ့ပြတယ်​...

Love Affair (ZG + Uni) (Completed)Where stories live. Discover now